ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်ဟာ မွေးရပ်မြေကလပ် နေရှင်နယ်အသင်းဆီကို ပြန်လည် ပြောင်းရွှေ့သွားပြီ ဖြစ်ပါတယ်။
အက်သလက်တီကိုမက်ဒရစ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက်မှာ တခြားကမ်းလှမ်းချက်တွေ ရှိခဲ့ပေမဲ့ မွေးရပ်မြေကလပ် နေရှင်နယ်ဆီကိုပဲ ပြန်သွားဖို့ ဆွာရက်ဇ်က ဆုံးဖြတ်ခဲ့တာပါ။
နေရှင်နယ်အသင်းဆီကို ပြောင်းရွှေ့ဖို့အတွက် အကြိုသဘောတူညီမှု ရရှိခဲ့ပြီး ဒီလိုပြန်ကစားနိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခံဖို့ မဖြစ်နိုင်ခဲ့ကြောင်း ဆွာရက်ဇ်က ပြောပါတယ်။
နေရှင်နယ်အသင်းဟာ ဥရုဂွေးလိဂ်ချန်ပီယံ ၄၈ ကြိမ်အထိ ဖြစ်ခဲ့ပြီး အအောင်မြင်ဆုံး အသင်းအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။
အသက် ၃၅ နှစ်ရှိ တိုက်စစ်မှူးဟာ ၂၀၀၅ ခုနှစ်က နေရှင်နယ်အတွက် ပွဲ ၃၀ လောက် ကစားခဲ့ပြီးနောက် ဟော်လန်ကလပ် ဂရိုနင်ဂျင်အသင်းဆီ ပြောင်းရွှေ့ခဲ့တာပါ။
အဲဒီနောက်မှ အိုင်းယက်၊ လီဗာပူး၊ ဘာစီလိုနာနဲ့ အက်သလက်တီကိုအသင်းတွေမှာ ဆက်လက်ကစားခဲ့သူ ဖြစ်ပါတယ်။