close

နေအိမ်တအိမ်

close

November 6, 2022

မဲဆောက်မြို့ရှိ နေအိမ်တအိမ်တွင် လက်နက်များတွေ့ရှိသဖြင့် ထိုင်းရဲတပ်ဖွဲ့သိမ်းဆည်း

မြန်မာ-ထိုင်းနယ်စပ် မဲဆောက်မြို့ရှိ ထိုင်းလူမျိုးတယောက်ရဲ့နေအိမ် တအိမ်မှာ  အောက်တိုဘာ ၅ ရက်က သေနတ် ၅၉ လက်တွေ့ရှိလို့ ထိုင်းရဲတပ်ဖွဲ့က သိမ်းဆည်းသွားပါတယ်။

မနေ့မနက် ၆ နာရီလောက်က လက်နက်ရောင်းဝယ်မှုသတင်းရလို့ မဲဆောက်မြို့ ဘန်နိုင်းဖန်ရပ်ကွက်ရှိ  အိမ်နံပါတ် ၁၁/၈၄ ကို  မဲဆောက်ရဲတပ်ဖွဲ့တွေက ရှာဖွေခွင့် ဝရမ်းနဲ့အတူ ဝင်ရောက်စစ်ဆေးခဲ့တာဖြစ်ပါတယ်။

အိမ်အတွင်းပိုင်းကို ဝင်ရောက်ရှာဖွေခဲ့ရာမှာ   လက်နက်အတို အလက် ၂၀ ၊  အရှည် ၃၉ လက် စုစုပေါင်း ၅၉ လက်အားတွေ့ရှိရာ  ဒီလက်နက်တွေဟာ စစ်သုံးလက်နက်မဟုတ်ကြောင်းနဲ့ ခွင့်ပြုချက်ရရှိပြီးတဲ့ လက်နက်တွေဖြစ်တာကြောင့် မဲဆောက်မြို့ရဲမှူးကြီးမွန်းစပ်ကယောက်အွန် ဦးစီးပြီး ထိုင်းစစ်တပ်အုပ်ချုပ်ရေးနဲ့ လဝကဌာနဆိုင်ရာတို့မှ ပူးပေါင်းပြီး မဲဆောက်မြို့မရဲစခန်းသို့  လက်နက်နဲ့ ကျည်ဆန်တွေ ယူဆောင်သွားပြီး စစ်ဆေးနေပါတယ်။

လက်နက်တွေသိမ်းဆည်းခံရတဲ့ အိမ်ရှင်ကတော့  လက်နက်တရားဝင်ကိုင်ဆောင်ထားရှိ ကြောင်း ခွင့်ပြုချက်စာရွက်စာတမ်းတွေ သက်သေပြနိုင်ဖို့ ကြိုးစားနေပြီး ခွင့်ပြုချက်မရှိဘဲ လက်နက်တွေထားရှိရင်တော့  ထိုင်းနိုင်ငံတရားဥပဒေအတိုင်းအရေးယူခံရမှာဖြစ်ပါတယ်။  

ထိုင်းနိုင်ငံမှာ မူးယစ်ဆေးစွဲနေတဲ့ ရဲတပ်ဖွဲ့ဝင်ဟောင်းတယောက်က မူကြိုကျောင်းကို ပစ်ခတ်ခဲ့လို့ ကလေးငယ်တွေ သေဆုံးခဲ့ရပြီးနောက်  မူးယစ်ဆေးနဲ့ လက်နက်မှောင်ခို  အွန်လိုင်းလက်နက်ရောင်းဝယ်ရေးတွေကို  ရှာဖွေစစ်ဆေး ဖမ်းဆီးအရေးယူမှုတွေ ပိုမို ပြုလုပ်လာတာဖြစ်ပါတယ်။

2 mins Ago
Up