close

နေအိမ်ပေါ် ကျောက်တောင်ပြိုကျ

close

November 2, 2021

မိုးကုတ်မြို့တွင် နေအိမ်ပေါ် ကျောက်တောင်ပြိုကျ၊ ၁ ဦး ဒဏ်ရာရပြီး ၁ ဦး ပိတ်မိနေ

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ နိုဝင်ဘာ ၂ ရက်နေ့က အုန်းကိုင်းရွာသစ်၊ ငါးပတ်တောင် ကျောက်တောင်ပြိုကျပြီး လူနေအိမ်ပေါ်ပိနေတာကြောင့် တစ်ဦး ဒဏ်ရာရပြီး တစ်ဦး ပိတ်မိနေ တယ်လို့ သိရပါတယ်။

“မနက် ၆ နာရီလောက် ပြိုကျတာ။ မပြိုခင် သစ်ပင် အရင်ပြိုတာ၊ ပြီး​တော့ အိမ်တွေ အပေါ်ပိသွားတာ၊ အမိုးပဲ မြင်ရတော့တယ်။ ခဲကလည်း အကြီးကြီးပဲ၊ ဘယ်လိုမှ မမနိုင်ဘူး။ တစ်ယောက်က ပိတ်မိနေသေးတယ်" လို့ အနီးအနားနေဒေသခံတစ်ဦးက ပြောပါတယ်။

လူနေအိမ်တွေရှိတဲ့ အဲဒီနေရာမှာ ပထမဆုံးအကြိမ် ကျောက်တောင်ပြိုကျတာဖြစ်ပြီး ဘာကြောင့်ပြိုကျလဲဆို​တာ မသိရဘူးလို့ ​ဒေသခံတွေက ပြောပါတယ်။

ကျောက်တောင်ပြိုကျမှုကြောင့် ဦးခေါင်းပေါက်သွားသူတစ်ဦးကို မိုးကုတ်ပြည်သူ့ ဆေးရုံ ပို့ဆောင်ထားပြီး ပိတ်မိနေသူကို ရှာဖွေကယ်ဆယ်ရေးပြုလုပ်နေတယ်လို့ သိရပါတယ်။

12 mins Ago
Up