close

နေအိမ်များ မီးရှို့ဖျက်ဆီးခံခဲ့ရ

close

February 3, 2022

နေအိမ်များ မီးရှို့ဖျက်ဆီးခံခဲ့ရသည့် မင်းကင်းပြည်သူများ အ​ရေး​ပေါ်အကူညီလိုအပ်​

စစ်ကိုင်းတိုင်း က​လေးခရိုင် မင်းကင်းမြို့နယ်က ပြည်သူ​တွေရဲ့​နေအိမ်​တွေကို စစ်​ကောင်စီတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးခဲ့တာကြောင့်  ​နေ​ထိုင်စား​​သောက်​ရေးအပါအဝင် အခြား​သောအခက်အခဲများပါရှိနေတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၃၁ ရက် နဲ့ ​ဖေ​ဖော်ဝါရီ ၁ ရက်​နေ့​တွေမှာ စစ်​ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးအဖွဲ့တွေက ​ကျေးရွာ​​ပေါင်း ၄ ရွာ​က နေအိမ်စုစုပေါင်း ၁၅၀ ​ကျော်ကို မီးရှို့ဖျက်ဆီးသွားကြတာပါ။

ပြည်သူ​တွေဟာ ​နေအိမ်​တွေနဲ့ စပါးကျီ​တွေပါ မီး​လောင်ပျက်စီးသွားတာကြောင့် နေထိုင်​စား​သောက်ရေး​တွေအပြင် လူ့အသုံးအ​ဆောင်ပစ္စည်းတွေပါ အခက်အခဲဖြစ်​နေ​ကြောင်း၊ ဆောင်းရာသီ အ​အေးဒဏ်​ကိုလည်း ခံစား​နေကြရပြီး သက်ကြီးရွယ်အို​တွေနဲ့ က​လေးငယ်​တွေ ပါဝင်တာ​ကြောင့် အကူအညီတေါ အရေးပေါ် လိုအပ်​နေတာလို့ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်​ရေး​ခေါင်း​ဆောင် ဗိုလ်သံလုံးက​ ပြောပါတယ်။ 

စစ်​ကောင်စီတပ်​တွေ မီးရှို့သွားပြီး​နောက် ​မီးကြွင်းမီးကျန်တွေကို ဒေသခံ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်​တွေက သွား​ရောက်မီးငြိမ်းသတ်ခဲ့ကြစဥ်မှာလည်း စိတ်မ​ကောင်းဖြစ်ခဲ့ရပြီး မျက်ရည်များပါကျခဲ့ရသည်အထိ ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။ 

မီး​ဘေးသင့်ပြည်သူ​တဦးက “ကျ​နော်တို့ပြည်သူ​တွေအ​နေနဲ့ အနှစ်နှစ်အလလ စု​ဆောင်းပြီးမှ တည်​ဆောက်ခဲ့ရတဲ့​ အ​ဆောက်အဦ​လေး​တွေကို ဒီလိုကြီး ရက်ရက်စက်စက် မီးရှို့သွားကြ​တော့ ဝမ်းနည်းပက်လက်ဖြစ်ရ​ပေါ့။ အဝတ်အထည်ကလည်း စစ်​ဘေး​ရှောင်စဥ်ကပါလာတဲ့ ၃ စုံ​လောက်ပဲ ယူလာနိုင်ခဲ့တာ။ အခုချိန်က ​တောင်သူ သိမ်းတဲ့အချိန်လည်းဖြစ်​နေတာဆို​တော့ ကျ​​နော့်အိမ်မှာဆိုရင် ​ဆီထွက်သီးနှံဖြစ်တဲ့ မြေပဲ​​တွေ၊ လယ်ယာသုံးစက်​တွေပါ မီးထဲပါသွားတာဆို​တော့ ​နောက်ထပ်ပြန်လည်ထူ​ထောင်ဖို့ဆိုတာကလည်း ​တော်​တော်​​လေး ခက်ခဲဦးမှာ” လို့ ​ပြောပါတယ်။

အခုလို အပြစ်မဲ့ပြည်သူ​​​တွေရဲ့ အသက်၊ အိုးအိမ်၊ ပစ္စည်းများကို  ရက်ရက်စက်စက် မီးရှို့ဖျက်ဆီးသွားတဲ့ စစ်​အာဏာရှင်တစ်စုကို အမြစ်ပြတ်​သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ အသက်ကိုရင်းပြီး ကတိသစ္စာ ထပ်​လောင်းပြု​ကြောင်း ဗိုလ်သံလုံးက​ ပြောပါတယ်။ 

မင်းကင်းမြို့နယ်အတွင်းမှာ စစ်​ကောင်စီတပ်ဖွဲ့ မီးရှို့ဖျက်ဆီးသွားတဲ့​ ​ကျေးရွာတွေက​တော့ ဘင်​ကျေးရွာ၊ တဲတန်း​ကျေးရွာ၊ အုန္နဲဘုတ်​ကျေးရွာ နဲ့ အ​​​နောက်​တော​ကျေးရွာ တို့ဖြစ်တယ်လို့ သိရပါတယ်။

2 mins Ago
Up