close

နေအိမ်အချို့ပြောင်းရွှေ့

close

September 2, 2021

မြစ်ကမ်းပါးပြိုကျမှုကြောင့် မင်းဘူးမြို့နယ် ကျောင်းကုန်းရွာက နေအိမ်အချို့ပြောင်းရွှေ့

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု) မြို့နယ်၊ ကျောင်းကုန်းကျေးရွာမှာ ဩဂုတ်လ ၃၁ ရက်နေ့က ဧရာဝတီမြစ်ရေ ထပ်မံမြင့်တက်လာမှုကြောင့် ရေတိုက်စားပြီး မြစ်ကမ်းပါး ပြိုကျမှုကြောင့် လူနေအိမ် ၇ လုံး ဘေးလွတ်ရာကို ကြိုတင်ပြောင်းရွှေ့ခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံပြည်သူတဦးက “အခုတော့ ကိုယ့်စားရိတ်နဲ့ကိုယ်ရွှေ့ပြောင်းနေရတယ်။ ငွေရေးကြေးရေး ကြပ်တည်းတဲ့အချိန်ဆိုတော့ လူငှါးပြီးလုပ်ရတာပေါ့။ မလုပ်ရင်လည်း ဆုံးရှုံးမှုကများမှာလေ။ အစိုးရအထောက်အပံ့မရပါဘူး” လို့ ပြောပါတယ်။

မြစ်ကမ်းပါးပြိုကျမှုကြောင့် ဩဂုတ် ၃ ရက်နေ့မှ ၃၁ ရက်နေ့ ညနေပိုင်းအချိန်အထိ အိမ်ထောင်စုပေါင်း ၃၀ က လူဦးရေ ၁၁၅ ဦးနဲ့ ကျွဲနွားတိရစ္ဆာန်တွေ ဘေးလွတ်ရာကို ကြိုတင်ပြောင်းရွှေ့ခဲ့ရကြောင်း မှတ်တမ်းတွေအရ သိရပါတယ်။

5 mins Ago
Up