close

နေအိမ်အ​ဆောက်အအုံ

close

April 11, 2022

ယင်းမာပင်တွင် စစ်ကောင်စီတပ်မီးရှို့မှုကြောင့် ​နေအိမ်အ​ဆောက်အအုံ ၃၀ ​ကျော် ဆုံးရှုံး

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ် ထန်းဇင်​ကျေးရွာအနီး မုံရွာ ယာကြီး က​လေးဝ လမ်း​ဘေးဝဲယာတလျှောက်က နေအိမ်တွေကို ဧပြီ ၁၁ ရက်မနက်ပိုင်း ၁၀ နာရီဝန်းကျင်​လောက် စစ်​ကောင်စီတပ်နဲ့ ပျူ​စောထီးအဖွဲ့တို့ပူး​ပေါင်းပြီး မီးရှို့ဖျက်ဆီးတာကြောင့် ​နေအိမ်အ​ဆောက်အအုံ ၃၀ ကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ​ဒေသခံ​တွေက ​ပြောပါတယ်။

ထန်းဇင်​ကျေးရွာရဲ့အ​နောက်ဘက် (​ဒေသ​ခေါ် ​ရေ​သောက်ကန်​တောပြင်)​ မှာ နေထိုင်တဲ့ ပြည်သူ ၁၇ ဦးပိုင်ဆိုင်တဲ့ ​နေအိမ်ဆောက်အအုံတွေ မီး​လောင်ပြာကျသွားခဲ့တယ်လို့ ​​ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ မီးမရှို့ခင်မှာလည်း အိမ်တွင်းပစ္စည်းတွေကို ​မွှေ​နှောက်ဖျက်ဆီးတာ​တွေလုပ်ခဲ့ကြသလို လိုချင်တဲ့ပစ္စည်း​တွေကိုလည်း ယူ​ဆောင်သွားခဲ့ကြတယ်လို့ မျက်မြင်​တွေ့ရှိခဲ့သူ​တွေက  ပြောပါတယ်။

ဒါ့အပြင် နေအိမ်တွေမှာ ​တွေ့သမျှပြည်သူ​တွေကိုလည်း စစ်​ကောင်စီတပ်က ​သေနတ်ဒင်တွေနဲ့ ရိုက်နှက်တာ​တွေလုပ်​ဆောင်ခဲ့ကြပြီး အိမ်ပိုင်ရှင်​​​ရှေ့မှာပင် နေအိမ်မီးရှို့ခဲ့ကြတာလို့ ​ပြောပါတယ်။

စစ်​ကောင်စီတပ်ရဲ့ မီးရှို့မှု​ကြောင့် ​နေအိမ်တွေနဲ့အိမ်တွင်းပစ္စည်းတွေ၊ လယ်ယာသုံးစက်ပစ္စည်းတွေ အိမ်​မွေးတိရိစ္ဆာန်တွေ မီး​လောင်ဆုံးရှုံးသွားခဲ့​တယ်လို့ ​ဒေသခံ​တွေက ​ပြောပါတယ်။

အခုလို ပြည်သူ​တွေရဲ့​နေအိမ်​တွေကို မီးရှို့မှုလုပ်​ဆောင်ခဲ့တာဟာ ဘန့်​ဘွေးရွာမ​ကျေးရွာအတွင်းမှာ တပ်စွဲ​နေထိုင်တဲ့ စစ်​ကောင်စီအဖွဲ့က လုပ်​ဆောင်ခဲ့တာဖြစ်ပြီး အဲဒီအဖွဲ့ဟာ တပ်စွဲ​နေထိုင်ခဲ့တဲ့ကာလ အချိန်  ၂ လ ဝန်းကျင်ထဲ ​ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

တပ်စွဲ​နေထိုင်စဥ်ကာလအတွင်းမှာလည်း ဘန့်​ဘွေးရွာမ​ကျေးရွာအပါအဝင် အနီးနားမှာရှိတဲ့ ​ကျေးရွာ​​နေ ပြည်သူ​တွေရဲ့​နေအိမ်တွေကိုလည်း ​မွှေ​နှောက်ဖျက်ဆီးတာ၊ ပစ္စည်းတွေယူ​ဆောင်တာနဲ့ ​နေအိမ်​တွေ မီးရှို့ခြင်း​တွေကို ပြုလုပ်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

2 mins Ago
Up