close

နေအိမ်၅လုံး

close

April 30, 2022

ပုသိမ်တွင် မီးလောင်မှုကြောင့် နေအိမ် ၅ လုံးပျက်စီးဆုံးရှုံး

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၆ ရပ်ကွက်မှာ ဧပြီ ၃၀ ရက် ဒီနေ့ မနက်အစောပိုင်းက မီးလောင်ကျွမ်းမှုကြောင့်  နေအိမ် ၅ လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

ဘန့်ဘွေးကုန်းလမ်းနဲ့ ဇေယျဝတီလမ်းထောင့်ရှိ  ဆိုင်ခန်းတန်းကနေ  မနက် ၁ နာရီခွဲလောက်မှာ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး လူထိခိုက်သေဆုံးတာတော့ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ပုသိမ်မြို့ခံတယောက်က "မြချမ်းသာလမ်းထိပ်ပေါ့ ဖြစ်တဲ့အချိန်က ညနက်ပိုင်းဖြစ်တော့ စလောင်တဲ့အိမ်က သူတို့ကိုယ်တိုင် မနိုးဘူး။ အဲ့တော့ ရပ်ကွက်ထဲက လူတွေက တံခါးတွေဖျက်ဝင်ပြီး ကယ်ရတာ''လို့ ပြောပါတယ်။

မီးစတင်လောင်ကျွမ်းတဲ့ ပတ်ဝန်းကျင်မှာ အထည်ဆိုင်နဲ့ သစ်ဆိုင် ရှိတာကြောင့် မီးကလောင်ကျွမ်းအားပိုကောင်းသွားပေမဲ့ ပြည်သူတွေပူးပေါင်း ငြှိမ်းသတ်တာမြန်လို့ နေအိမ် ၅ လုံးသာ ပျက်စီး ဆုံးရှုံးခဲ့တာလို့ ဆိုပါတယ်။

မီးလောင်ကျွမ်းမှုနဲ့ပတ်သက်ပြီး အထည်ဆိုင်ပိုင်ရှင်ကို ပုသိမ်မြို့ နယ်မြေရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။

1 min Ago
Up