close

နေအိမ် ပြိုကျပျက်စီး

close

April 7, 2022

မော်လမြိုင်တွင် မိုးသက်လေပြင်းတိုက်သဖြင့် နေအိမ်အချို့ပြိုကျပျက်စီး၊ ဒေသခံ ရာချီ လေဘေးသင့်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ  ဧပြီ ၇ ရက်ညနေက အချိန်အခါမဟုတ် မိုးသက်လေပြင်း တိုက်ခတ်တာကြောင့် နေအိမ်အလုံး ၂၀ ကျော် ပြိုကျပျက်စီးခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့က  ဒီဗွီဘီကို ပြောပါတယ်။ 

ဒီကနေ့  ညနေ ၄ နာရီခွဲလောက်မှာ မိုးရွာပြီး လေပြင်းတိုက်ခတ်တာကြောင့် မော်လမြိုင်၊ သာယာအေးရပ်ကွက်က ကျူးကျော် နေအိမ်အလုံး ၂၀ ကျော် ပြိုကျပျက်စီးခဲ့တာပါ။ 

ပြိုကျပျက်စီးခဲ့တဲ့ နေအိမ်တွေကို လူမှုကယ်ဆယ်ရေးအဖွဲ့က သွားရောက် ကူညီပေးနေပြီး လူထိခိုက်ဒဏ်ရာရတော့ မရှိပါဘူး။ 

လေဘေးသင့်ပြည်သူ ၁၅၀ ကျော်ကို လူမှုကယ်ဆယ်ရေးအဖွဲ့ အကူအညီနဲ့ နီးစပ်ရာဆွေမျိုး နေအိမ်တွေကို ပို့ဆောင်ထားပြီး လက်ရှိအချိန်ထိ စစ်ကောင်စီဘက်က ကူညီမှု တစ်စုံတစ်ရာ ရောက်ရှိတာ မရှိသေးဘူးလို့ လေဘေးသင့်ပြည်သူတွေက ပြောပါတယ်။

မိုးသက်လေးပြင် တိုက်ခတ်တာကြောင့် မော်လမြိုင်မြို့ပေါ်ရပ်ကွက်တချို့ သစ်ပင်တွေ ပြိုလဲ လမ်းပိတ်ဆို့ခဲ့ပါတယ်။

2 hours Ago

September 22, 2020

ပုသိမ်၊ ပဒဲကောရွာတွင် လေဆင်နှာမောင်းတိုက်ခတ်သဖြင့် နေအိမ် ၂၃ လုံး ပြိုကျပျက်စီး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာအုပ်စု၊ ပဒဲကောကျေးရွာမှာ စက်တင်ဘာ ၂၁ ရက် မနက်အစောပိုင်းက လေဆင်နှာမောင်းတိုက်ခတ်ခဲ့လို့ နေအိမ် ၂၃ လုံးပြိုကျပျက်စီးခဲ့တယ်လို့ တိုင်းဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက သိရပါတယ်။ လေဆင်နှာမောင်းတိုက်ခတ်ခဲ့လို့ နေအိမ် ၁၄ လုံးပြိုလဲပျက်စီးခဲ့ပြီး နေအိမ် ၉ လုံးကတော့ တစ်စိတ်တစ်ပိုင်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ တိုင်းဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းစိုးက ပြောပါတယ်။ "ဒီနေ့ လွှတ်တော်ကိုယ်စားလှယ်တွေ မြို့နယ်အုပ်ချုပ်ရေးက ဒုမြို့နယ်အုပ်ချုပ်ရေးမှူးအပါ ဝင် ရုံးကတာဝန်ရှိသူတွေ သွားပြီးထောက်ပံ့ပေးနေပါပြီ၊ စုစုပေါင်း လူဦးရေ ၈၁ ဦးလောက် လေဘေးသင့်သွားပါတယ်"လို့ ပြောပါတယ်။ လေဆင်နှာမောင်းတိုက်ခတ်လို့ ပြိုကျပျက်စီးခဲ့တဲ့ အိမ်ထောင်စု ၂၃ စုက အမျိုးသား ၃၉ ဦး၊ အမျိုးသမီး ၄၁ ဦး လေဘေးသင့်ခဲ့သလို လက်ရှိအချိန်မှာတော့ နီးစပ်ရာအမျိုးတွေရဲ့ နေအိမ်နဲ့ ကျေးရွာဘုန်းတော်ကြီးကျောင်းတွေမှာ အဆင်ပြေအောင် နေထိုင်ရေးစီစဉ်ပေးထားတယ်လို့ ဆိုပါတယ်။ လေဘေးသင့်ခဲ့တဲ့ အိမ်ထောင်စု ၂၃ စုက လူဦးရေ ၈၁ ဦးအတွက်  သီတင်းတစ်ပတ်စာ ဆန်ရိက္ခာ၊ အိမ်ဆောက်ပစ္စည်းနဲ့ ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်း ငွေကျပ် ၂၉ သိန်းကျော်ထောက်ပံ့မယ်လို့ တိုင်းဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနရုံးက သိရပါတယ်။ ပုသိမ်မြို့၊ ဥတိုကျေးရွာအုပ်စု၊ ကွင်းလျှားလေးကျေးရွာမှာလည်း စက်တင်ဘာ ၂၀ ရက် ညပိုင်းက လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ကျေးရွာစာသင်ကျောင်း ၁ ကျောင်း ထိခိုက်ပျက်စီးပြီး နေအိမ် ၂ လုံးပြိုကျပျက်စီးခဲ့တယ်လို့ တိုင်းဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။ သတင်း - မင်းထက်မုန်း (ပုသိမ်)၊ ဓာတ်ပုံ - အေးရိပ်
2 years Ago
Up