close

နေအိမ် ၁၂ လုံး

close

November 22, 2021

ပြည်ကြီးတံခွန်မြို့နယ်တွင် နေအိမ် ၁၂ လုံး မီးလောင်ဆုံးရှုံး

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကြည်ကုန်းရပ်ကွက်၊ ရဲဘော်ကွက်သစ်မှာ နိုဝင်ဘာ ၂၂ ရက် ဒီညနေ ၄ နာရီခွဲလောက်က   မီးလောင်ပြီး  အိမ်ခြေ ၁၂ လုံး မီးထဲပါသွားပြီး ငွေကျပ်  ၉၉ သိန်းကျော်ဖိုး ဆုံးရှုံးခဲ့ပါတယ်။

အိမ်ထောင်စု ၁၃ စု၊ ကျား ၁၅ ဦး ၊မ ၂၇ ဦး မီးဘေးသင့်ခဲ့ပြီး မီးဘေးသင့်ပြည်သူတွေအတွက်  နန်းဦး ဓမ္မာရုံမှာ ကယ်ဆယ်ရေးစခန်းဖွင့်လှစ် ကူညီပေးထားတယ်လို့ သိရပါတယ်။

ရပ်ကွက်အတွင်းရှိ ခေါင်ရည်ဆိုင်ရဲ့ အိမ်နောက်ဖေးက မီးအားမြှင့်စက် အပူလွန်ရာကနေ မီးစတင်လောင်ပြီးတခြားအိမ်တွေပါ မီးကူးစက်ကုန်တာဖြစ်တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

မီးစတင်လောင်ကျွမ်းတဲ့အိမ်ရဲ့ ပိုင်ရှင်ဖြစ်သူကိုတော့  သက်ဆိုင်ရာက  မီးပေါ့ဆမှုနဲ့ အမှုဖွင့်  အရေးယူဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

5 mins Ago
Up