close

နောက်ကွယ်ကစေခိုင်းသူ

close

July 12, 2021

ဟေတီသမ္မလုပ်ကြံမှုတွင် နောက်ကွယ်ကစေခိုင်းသူဟု ယူဆရသူ ၁ ဦးကို ဖမ်းဆီးခံရ

ဟေတီသမ္မတ ဂျိုဗစ်နယ်လ်မိုအိဇ် လုပ်ကြံခံရမှုမှာ နောက်ကွယ်က စီစဉ်ညွှန်ကြားသူတွေလို့ သံသယရှိတဲ့ လူတွေထဲက တစ်ယောက်ကို ဖမ်းဆီးလိုက်ပြီလို့ ဟေတီ ရဲတပ်ဖွဲ့က ဇူလိုင် ၁၂ ရက်မှာ ပြောပါတယ်။

သမ္မတမိုအိဇ်ဟာ ဇူလိုင် ၇ ရက်က မနက်အစောပိုင်းမှာ မြို့တော် ပို့အောပရင့်စ်က သူ့ရဲ့အိမ်မှာ အသေပစ်သတ်ခံ ရတာပါ။

 ကိုလံဘီယာနိုင်ငံသား ၂၆ယောက်နဲ့ ဟေတီ-အမေရိကန် ကပြား ၂ ယောက် ပါတဲ့ လုပ်ကြံရေးတပ်ဖွဲ့က သတ်ခဲ့တာလို့ ဟေတီအာဏာပိုင်တွေက ပြောပါတယ်။

 အသက် ၆၃ နှစ်အရွယ် ခရစ်စယန် အီမန်နျူယယ် စာနွန်ဟာ ဇွန်လ အစောပိုင်းက ဟေတီကို လေယာဉ်နဲ့ ရောက်လာပြီး လုံခြုံရေးအစောင့်တွေကို ငှားရမ်းခဲ့ပြီး  သမ္မတ နေရာကို အာဏာသိမ်းချင်ခဲ့တယ်လို့ အမျိုးသားရဲဌာန ရဲချုပ် လီယွန် ချားလ်စ်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

 စာနွန်ဟာ လုပ်ကြံဖို့ တခြား ပညာတတ် စာရေးဆရာ ၂ ယောက်ကိုလည်း ဆက်သွယ်ခဲ့ တယ်လို့ ချားလ်စ်က ဆက်ပြောပါတယ်။

 စာနွန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံရေး ဆန်လားဆိုတာ သူက ရှင်းမပြပါဘူး။ အမေရိကန်အစိုးရက ဟေတီရဲ့ အခြေအနေကို အကဲဖြတ်ဖို့ ပညာရှင် တစ်ဖွဲ့ စေလွှတ်ထားတယ်လို့ အကြီးတန်း အမေရိကန် အရာရှိ တစ်ယောက်က ပြောပါတယ်။

 ဟေတီရဲတပ်ဖွဲ့ဟာ သမ္မတကို သတ်ဖြတ်မှုအတွက် စာနွန်အပါအဝင် ကိုလံဘီယာ နိုင်ငံသား ၁၈ ယောက် နဲ့ ဟေတီ အမေရိကန် ကပြား ၃ယောက်ကို ဖမ်းဆီးထားပြီးပြီလို့လည်း ချားလ်စ်က ပြောပါတယ်။

 ကိုလံဘီယာ နိုင်ငံသား ၅ ယောက်က လွတ်နေဆဲဖြစ်ပြီး ၃ယောက်ကို အသေဖမ်းမိ တယ်လို့လည်း သူက ဆက်ပြောခဲ့ပါတယ်။

12 hours Ago
Up