close

နောက်ခံလူရူဒီဂါ

close

April 25, 2022

နောက်ခံလူရူဒီဂါ ချဲလ်ဆီးအသင်းမှ ထွက်တော့မည်ဟု နည်းပြတူချယ် အတည်ပြု

ချဲလ်ဆီးနောက်ခံလူ ရူဒီဂါဟာ ရာသီအကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ နည်းပြတူချယ်က အတည်ပြုသွားပါတယ်။ 

ဂျာမနီလက်ရွေးစင်နောက်ခံလူဟာ အသင်းနဲ့စာချုပ် သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ရုရှားလူမျိုးပိုင်ရှင်အေဗရာမိုဗစ်ကို အရေးယူထားမှုကြောင့် အသင်းဘက် စာချုပ်သစ်ချုပ်ဆိုလို့ မရ ဖြစ်နေတာပါ။

“ကျနော်တို့ အစွမ်းကုန်ကြိုးပမ်းခဲ့ပေမယ့် လက်ရှိအခြေအနေက ခုထက်ပိုပြီးလုပ်ဆောင်လို့ မရတော့တဲ့ အခြေအနေတခုကို ရောက်နေတယ်။ ယူကေရဲ့ အရေးယူခံရမှုကြောင့် တိုနီ(ရူဒီဂါ)ဟာ အသင်းကနေ ထွက်ခွာပါလိမ့်မယ်။ သူက အသင်းရဲ့အဓိက ကစားသမားဖြစ်ခဲ့ပြီး ကျနော်တို့ အမြဲတမ်း သတိရနေမှာပါ” လို့ ဝက်စ်ဟမ်းကို အနိုင်ယူခဲ့တဲ့ ပွဲစဉ်အပြီးမှာ နည်းပြတူချယ်က ပြောပါတယ်။ 

အသက် ၂၉ နှစ်ရှိ ရူဒီဂါကို ၂၀၁၇ ခုနှစ်က စီးရီးအေကလပ်ရိုးမားကနေ ပေါင် ၂၉ သန်းနဲ့ ခေါ်ယူခဲ့တာပါ။ လက်ရှိအချိန်အထိ စုစုပေါင်း ၁၉၆ ပွဲ ကစားထားပြီး ၁၂ ဂိုး သွင်းယူထားပါတယ်။ 

နောက်ခံလူရူဒီဂါဟာ ချဲလ်ဆီးနဲ့အတူ ဥရောပချန်ပီယံလိဂ်၊ အက်ဖ်အေဖလား၊ ယူရိုပါလိဂ်ဖလား၊ ဥရောပစူပါဖလား၊ ဖီဖာကလပ်ချန်ပီယံဆုဖလားတွေ ရယူနိုင်ခဲ့ပါတယ်။ 

2 mins Ago
Up