close

နောက်ဆုံးပွဲစဉ်

close

May 22, 2022

တင်ပါးဒဏ်ရာမသက်သာသဖြင့် စီရော်နယ်ဒို ပဲလေ့နှင့် နောက်ဆုံးပွဲစဉ်ကို လွဲချော်မည်

မန်ယူတိုက်စစ်မှူး စီရော်နယ်ဒိုဟာ တင်ပါးကြွက်သားဒဏ်ရာ မသက်သာသေးတာကြောင့် ခရစ္စတယ်ပဲလေ့နဲ့ ကစားမယ့် နောက်ဆုံးပွဲစဉ်ကို လွဲချော်မှာဖြစ်ပါတယ်။ 

မန်ယူအသင်းဟာ ယူရိုပါလိဂ်ဝင်ခွင့်သေချာဖို့အတွက် ခရစ္စတယ်ပဲလေ့ကို အနိုင်ရဖို့ လိုအပ်နေချိန်မှာ အားထားရတဲ့ တိုက်စစ်မှူး စီရော်နယ်ဒိုကို လက်လွှတ်ရတော့မှာပါ။ 

အသက် ၃၇ နှစ်ရှိ ပေါ်တူဂီတိုက်စစ်မှူးဟာ  အခုနှစ်ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ် ၃၀ ကစားအပြီးမှာ ၁၈ ဂိုးသွင်းပြီး ၃ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ထားတာပါ။ 

ရော်နယ်ဒိုနဲ့အတူ ကွင်းလယ်လူ ပေါ့ဘာကလည်း ခြေသလုံးကြွက်သားဒဏ်ရာကြောင့် ခရစ္စတယ်ပဲလေ့နဲ့ပွဲကို လွဲချော်ဖြစ်ပါတယ်။ 

ပေါ့ဘာဟာ အသင်းနဲ့စာချုပ်သက်တမ်းလည်း ကုန်ဆုံးတော့မှာဖြစ်လို့ အသင်းပြောင်းရွှေ့ဖို့ ရှိနေပြီး ဂျူဗင်တပ်အသင်းဆီပြောင်းရွှေ့မယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ 

အခုနှစ်ရာသီ ပရီးမီးယားလိဂ်ကလပ်အသင်းတွေရဲ့ နောက်ဆုံးပွဲစဉ်ကို ဒီနေ့ည မြန်မာစံတော်ချိန် ၉ နာရီခွဲ တပြိုင်တည်း ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

3 mins Ago
Up