close

နောက်ပြန်လိမ့်ကျ

close

March 8, 2023

စစ်ကိုင်းတွင် ရေလာလှူသည့်ကား နောက်ပြန်လိမ့်ကျပြီး အမျိုးသား ၁ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်း-မင်းကွန်းလမ်း အာလောင်ကျေးရွာအဝင်၊ အာလောင် ၈ မျက်နှာဘုရားအတက်လမ်းမှာ ဘုန်းကြီးကျောင်းကို ရေလာလှူတဲ့ကား နောက်ပြန်လိမ့်ကျပြီး အမျိုးသား ၁ ဦး သေဆုံးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ထံကသိရပါတယ်။

မတ်လ ၇ ရက် မနက် ၁၀ နာရီလောက်မှာ အာလောင်းကျေးရွာက ဥတ္တရဘောဓိ ကျောင်းတိုက်ကို ​မန္တလေးက ရေလာလှူတဲ့ နိဗ္ဗာန်သုခ ပရဟိတအသင်းက ရေသယ်ယာဥ် ဘုရားအတက်လမ်းမှာ နောက်ပြန်လိမ့်ကျခဲ့တာကြောင့် အသက် ၆၈ နှစ်အရွယ် အမျိုးသားတဦး သေဆုံးခဲ့တာလို့ ထုံးဘိုအရန်မီးသတ် ဒုတပ်ခွဲမှူးက ပြောပါတယ်။

“တောင်ပေါ်ဘုန်းကြီးကျောင်း အတက်လမ်းက ကြမ်းတော့ နောက်ပြန်လိမ့်တာ။ သေတဲ့သူကတော့ အသက် ၆၁ နှစ်။ သူလည်း ပရဟိတသမားတယောက်ပဲ။ နွေရာသီဆို အမြဲလာလှူကြတာ၊ ကျနော်တို့ အမြဲမြင်တွေ့နေရပါတယ်။”

ကားပေါ်မှာ ယာဥ်မောင်းအပါအဝင် ၄ ယောက်ပါရှိပြီး အခုလို နောက်ပြန်လိမ့်ကျခဲ့တာကြောင့် အမျိုးသား ၁ ဦးသေဆုံးကာ ကျန်တဲ့သူတွေကတော့ ပွန်းပဲ့ဒဏ်ရာ အနည်းငယ် ရရှိခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူရဲ့အလောင်းကိုတော့ မန္တလေးကနေအိမ်ကို ပို့ဆောင်ခဲ့ပြီး မတ်လ ၈ ရက်နေ့မှာ မီးသင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။

5 mins Ago

February 3, 2020

တောင်ကုတ်တွင် ခရီးသည်တင်ယာဉ်နောက်ပြန်လိမ့်ကျ၊ အမျိုးသမီး ၁ ဦးသေဆုံး

ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ သံတွဲမြို့ကိုသွားတဲ့ ခရီးသည်တင်ယာဉ်တစီး ဖေဖော်ဝါရီ ၂ ရက် ညနေက ဖုံညိုတောင်အတက်မှာ စက်ရပ်ကာ နောက်ပြန်လိမ့်ကျခဲ့တာကြောင့် အမျိုးသမီး တဦး သေဆုံး၊ အမျိုးသားနှစ်ဦး ဒဏ်ရာရရှိသွားပြီး တဦးက စိုးရိမ်ရတယ်လို့ တောင်ကုတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနိုင်က ပြောပါတယ်။ “တောင်ကုတ်ရယ် သံတွဲရယ်လိုင်းကားပါ။ တောင်ကုတ်ကနေပြီးတော့ သံတွဲကို ညနေ ၅ နာရီလောက်ကို ထွက်တာပေါ့။ တောင်ကုတ်ကအထွက် ကုန်းအတက်ကို မတက်နိုင်လို့ နောက်ပြန်လိမ့်ကျတာပေါ့။ အမျိုးသမီးတယောက် ဆုံးသွားတယ်။ အမျိုးသမီးက ကြောက်ပြီး ကားပေါ်ကနေ ခုန်ချလိုက်တော့ နောက်ဘီးနဲ့ အကျိတ်ခံရတယ်လို့ပြောတယ်။ ကျန်တာတော့ ယောက်ျားတယောက်ကလည်း စိုးရိမ်ရတယ်။ ဦးခေါင်းဒဏ်ရာထိတယ်၊ နောက်တယောက်လည်း ဒဏ်ရာရသွားတယ်။” အဆိုပါလိုင်းကားပေါ်မှာ ခရီးသည်စုစုပေါင်း ၂၀ ဝန်းကျင် လိုက်ပါလာပြီး ကားနောက်ပြန် လိမ့်ကျခဲ့တာကြောင့် မခိုင်လေးဆိုတဲ့အမျိုးသမီး သေဆုံးသွားခဲ့တာဖြစ်ပြီး ဒဏ်ရာရရှိသူ အမျိုးသား ၂ ဦးအား ဆေးရုံပို့ဆောင်ထားတယ်လို့ သိရပါတယ်။ အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်မောင်းကို တောင်ကုတ်မြို့မရဲစခန်းမှာ အမှုဖွင့်လှစ် အရေးယူဆောင်ရွက်ထားတယ်လို့ တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။ နောင်နောင်
3 years Ago
Up