close

နော့ဝှစ်ချ်

close

October 24, 2021

နော့ဝှစ်ချ်ကို ပရီးမီးယားလိဂ်က ထုတ်ပယ်သင့်ကြောင်း ပရိသတ်များလှောင်ပြောင်

နော့ဝှစ်ချ်အသင်းဟာ ချဲလ်ဆီးကို ၇ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ခြေစွမ်းအားနည်းတာကြောင့် ပရီးမီးယားလိဂ်ကနေ ထုတ်ပယ်သင့်ကြောင်း ပရိသတ်တွေက လှောင်ပြောင်ခဲ့ကြပါတယ်။ 

နော့ဝှစ်ချ်အသင်းဟာ ပရီးမီးယားလိဂ်သမိုင်းတလျှောက် အဆိုးရွားဆုံးအသင်းဖြစ်ပြီး ဘယ်တော့မှ တန်းတက်မလာသင့်တဲ့အသင်း ဖြစ်တယ်လို့ ပရိသတ်တွေက တွစ်တာကနေ ဝေဖန်ပါတယ်။ 

တခြားပရိသတ်တစ်ဦးကတော့  နော့ဝှစ်ချ်အသင်းကို ချက်ချင်းတန်းဆင်းစေသင့်ပြီး ချန်ပီယံရှစ်က ထိပ်ဆုံးအသင်းကို အစားထိုးကစားခွင့်ပြုသင့်ကြောင်း၊ ပရီးမီးယားလိဂ်ကနေ ၅ နှစ် ထုတ်ပယ်သင့်ကြောင်း တွစ်တာကနေ လှောင်ပြောင်ခဲ့ပါတယ်။ 

ချဲလ်ဆီးအသင်းရဲ့ ခြေစွမ်းကောင်းခဲ့တာမှန်ပေမဲ့ နော့ဝှစ်ချ်ရဲ့ခြေစွမ်းက လွန်ခဲ့တဲ့နှစ်တွေကနဲ့ မတူတော့ဘဲ သမိုင်းတလျှောက် အဆိုးရွားဆုံးအသင်းဖြစ်နေပြီလို့လည်း ပရိသတ်တစ်ဦးက ဝေဖန်ခဲ့ပါတယ်။ 

မနှစ်က ချန်ပီယံရှစ်ကနေ ချန်ပီယံအသင်းအနေနဲ့ တန်းတက်လာတဲ့ နော့ဝှစ်ချ်ဟာ ပရီးမီးယားလိဂ် ၉ ပွဲ ကစားပြီးချိန်မှာ ဘရိုက်တန်နဲ့ ဘန်လေ ၂ သင်းကိုသာ သရေကစားခဲ့ပြီး ၇ ပွဲအထိ ရှုံးပွဲတွေ့ခဲ့တာဖြစ်ပါတယ်။

9 mins Ago

January 20, 2021

ဘူအန်ဒီကို ခေါ်မည့်ကိစ္စ နော့ဝှစ်ချ်မန်နေဂျာက အာဆင်နယ်ကို သတိပေး ‌

အိုဇေးလ်နေရာမှာ အစားထိုးဖို့အတွက် နော့ဝှစ်ချ် ကွင်းလယ်လူ အီမီလီယာနို ဘူအန်ဒီကို အခု ဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ကိစ္စကို မေ့ပစ်လိုက်ဖို့ နော့ဝှစ်ချ်မန်နေဂျာ ဒန်နီယယ်ဖာကီက အာဆင်နယ်အသင်းကို သတိပေးလိုက်ပါတယ်။ အိုဇေးလ်ဟာ ပြီးခဲတဲ့သီတင်းပတ်ကုန်ပိုင်းမှာ တူရကီကို ထွက်ခွာသွားခဲ့ပြီး ဖီနာဘာချီအသင်းကို အပြီးသတ် ပြောင်းရွှေ့ဖို့ကိစ္စကလည်း သေချာသလောက်ရှိနေပါပြီ။  ဒါကြောင့် အာတီတာက အသင်းမှာ လစ်လပ်သွားတဲ့ ဖန်တီးရှင်နေရာကို အစားထိုးဖို့ ကြံရွယ်လာတာဖြစ်ပြီး နော့ဝှစ်ချ် ကွင်းလယ်လူ ဘူအန်ဒီက သူ့ရဲ့ အပြောင်းအရွှေ့ ပစ်မှတ်ကစားသမားတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။  ဘူအန်ဒီဟာ ပြီးခဲ့တဲ့ရာသီ နော့ဝှစ်ချ် ပရီးမီးယားလိဂ်မှာ ရှိနေစဉ် ခြေစွမ်းပြနိုင်ခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ‌နော့ဝှစ်ချ်က သူ့အတွက် ပေါင်သန်း ၄၀ လောက် လိုချင်နေပါတယ်။ လက်ရှိအချိန်မှာ နော့ဝှစ်ချ်အသင်းဟာ ချန်ပီယံရှစ်အမှတ်ပေးဇယားရဲ့အဆင့် ၁ နေရာကို ၄ မှတ်အသာနဲ့ ရပ်တည်နေပြီး သူတို့အသင်းအတွက် ပရီးမီးယားလိဂ်ကို တန်းတက်နိုင်တဲ့ အခွင့်အရေးကို အလောင်းအစားလုပ်ပြီး ဘူအန်ဒီကို ရောင်းချသွားဖို့ဆိုတာ အဓိပ္ပာယ်မရှိဘူးလို့ ဖာကီက ပြောပါတယ်။  “ဒီလထဲမှာ ဘူအန်ဒီနဲ့ပတ်သက်ပြီး ဘာမှဖြစ်လာနိုင်စရာ မရှိပါဘူး။ စီးပွားရေးကိစ္စတွေမှာ ခင်ဗျားအနေနဲ့ ဘယ်အရာကိုမှ ၁၀၀ ရာခိုင်နှုန်း အပြည့်အဝအာမခံလို့ မရဘူးဆိုတာ သိပြီးသား ဖြစ်မှာပါ။ ဒါပေမဲ့ ဒီကိစ္စကိုတော့ ကျနော် ၉၉ ရာခိုင်နှုန်း အာမခံနိုင်ပါတယ်” လို့ နော့ဝှစ်ချ်မန်နေဂျာက အင်္ဂါနေ့မှာ ပြောပါတယ်။ “ပွင့်ပွင့်လင်းလင်းပြောရရင် အခုချိန် ကျနော်တို့အသင်းကနေ ကစားသမားတွေ ထွက်ခွာဖို့ကိစ္စဟာ အဓိပ္ပာယ်မရှိသလို၊ အသင်းဘက်က ရောင်းချဖို့ဆိုတာလည်း အဓိပ္ပာယ်မရှိပါဘူး။ ကျနော်တို့ အကောင်းဆုံးပုံစံမှာ ရှိနေပါတယ်။ အခု ဇန်နဝါရီလကုန်ပိုင်းကို ရောက်နေပြီး ဘောလုံးရာသီက နောက် ၄ လကြာရင် ပြီးဆုံးတော့မှာပါ။ ခင်ဗျားကို ကျနော်တို့ထက် ပိုကြီးတဲ့အသင်းတသင်းက လိုချင်နေပြီ ဆိုပါစို့။ ခင်ဗျားက သူတို့အတွက် ရေရှည်ဖြေရှင်းချက်တစ်ခု ဖြစ်ပါတယ်လို့ ပြောရင် အပြောင်းအရွှေ့ကိစ္စတွေ ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ ဇန်နဝါရီလမှာတော့ မဟုတ်ပါဘူး။ ကျနော်တို့ အခု လိုနေတာ အောင်မြင်မှုပါ။ ပိုက်ဆံ မဟုတ်ပါဘူး။ ဒါကြောင့် အဓိက ကစားသမားတွေကို ရောင်းပြီးတော့ မစွန့်စားပါဘူး။ ကျနော်တို့က ဘဏ်မဟုတ်သလို၊ ဝင်ငွေကို အမြင့်ဆုံးအထိ ဆွဲတင်ဖို့လုပ်နေတာလည်း မဟုတ်ပါဘူး။ ပရီးမီးယားလိဂ်ကို တန်းပြန်တက်ပြီး အောင်မြင်မှုတွေ အမြင့်ဆုံးထိရောက်ဖို့ ပစ်မှတ်ထားနေတာပါ‌။ ကျနော်တို့ ကစားသမားတစ်ယောက်ကို ရောင်းထုတ်လိုက်တာက ပရောဂျက်တစ်ခုလုံးကို ထိခိုက်နိုင်ပါတယ်။ ဒါဟာ အဓိပ္ပါယ်မရှိပါဘူး” လို့လည်း ဖာကီက ဆက်လက်ပြောဆိုပါတယ်။
9 months Ago
Up