close

နော်တင်ဟမ်ဖောရက်အသင်း

close

July 22, 2022

မန်ယူနှင့် စာချုပ်ကုန်ဆုံးခဲ့သည့် လင်ဂတ် နော်တင်ဟမ်ဖောရက်အသင်းဆီ ပြောင်းရွှေ့

မန်ယူနိုက်တက် အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးခဲ့တဲ့ ကွင်းလယ်လူ လင်ဂတ်ဟာ တန်းတက်ကလပ် နော်တင်ဟမ်ဖောရက်အသင်းဆီကို ပြောင်းရွှေ့သွားပါတယ်။

အသက် ၂၉ နှစ်ရှိ လင်ဂတ်ကို ဝက်စ်ဟမ်းကလည်းခေါ်ယူလိုပေမယ့် နော်တမ်ဟမ်က လက်ဦးမှု ရယူနိုင်ခဲ့တာပါ။

လင်ဂတ်ကို တစ်နှစ်စာချုပ်သာ ချုပ်ဆိုခဲ့ပြီး ခြေစွမ်းအပေါ်မူတည်ပြီး သက်တမ်းတိုးစာချုပ် ချုပ်ဆိုသွားမယ်လို့သိရပါတယ်။

လင်ဂတ်ဟာ တစ်ပတ် လုပ်ခ ပေါင်နှစ်သိန်းနီးပါးအထိ ရရှိနိုင်ပြီး ကမ္ဘာ့ဖလားကစားရမယ့် အင်္ဂလန်လက်ရွေးစင်အသင်းမှာ ပြန်လည် ပါဝင်နိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။

ကစားသမားဘဝရဲ့ စာမျက်နှာသစ်အတွက် အဆင်သင့်ဖြစ်နေပြီလို့လည်း လင်ဂတ်က တွစ်တာမှာရေးသားခဲ့ပါတယ်။

လင်ဂတ်ဟာ မန်ယူအသင်းမှာ ၂၀၁၁ ခုနှစ်ကတည်းက စတင်ရောက်ရှိခဲ့သူဖြစ်ပြီး ဆယ်စုနှစ်ကျော် ကာလအတွင်းမှာ အသင်းကြီးနဲ့အတူ ပွဲပေါင်း၂၃၀ ကျော်ကစားပေးခဲ့ပါတယ်။

1 min Ago
Up