close

နေ့စားခပေး ဂိတ်စောင့်

close

May 4, 2022

လပွတ္တာတွင် သက်ကြီးရွယ်အို စစ်မှုထမ်းဟောင်းများကို နေ့စားခပေးပြီး ဂိတ်စောင့်ခိုင်းနေ

ဧရာ၀တီတိုင်း၊ လပွတ္တာမြို့မှာ စစ်ကောင်စီက သက်ကြီးရွယ်အို စစ်မှုထမ်းဟောင်းတွေကို လက်နက်တပ်ဆင်  နေ့စားခ ကျပ်ငွေ ၁၀,၀၀၀ ပေးပြီး လုံခြုံရေးဂိတ်တွေမှာ စောင့်ဖို့အတွက် ခေါ်ယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

စစ်မှုထမ်းဟောင်းတွေကို လုံခြုံရေးစောင့်ဖို့  နယ်ဝေးဆိုရင် ကျပ် ၁၀,၀၀၀ နဲ့ မြို့တွင်း ၇,၀၀၀  ပေးမယ်ဆိုပြီး စစ်ကောင်စီတပ်သားတွေက စည်းရုံးခေါ်ယူနေတာလို့ဆိုပါတယ်။ 

ဒေသခံတဦးက  “ပိုက်ဆံ ဘယ်လောက်ပေးတယ် ဆိုတာတော့ သေချာမမြင်ရတော့ မပြောတတ်ဘူး။  တသောင်းပေးတယ်လို့ ကြားတယ်။ ဒီဘက်မှာက အလုပ်ရှားတော့ တချို့လည်း လုပ်ကြတာရှိတယ်။ ဂိတ်တွေမှာ စောင့်ခိုင်း တာများတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက နေ့စားစရိတ်ပေးပြီး ခေါ်လို့ရလာတဲ့ စစ်မှုထမ်းဟောင်းတွေကို မြို့တွင်းစစ်ဆေးရေးဂိတ်တွေနဲ့ မြို့ပြင်စစ်ဆေးရေးဂိတ်တွေမှာ လက်နက်တပ်ဆင်ပေးပြီး စစ်ကောင်စီတပ်သားတွေ ရဲတွေနဲ့အတူ  တာဝန်ချထားလေ့ရှိတယ်လို့ ဆိုပါတယ်။ 

နိုင်ငံအနှံ့တိုက်ပွဲတွေဖြစ်နေတာအပြင် စစ်ကောင်စီတပ်ထဲမှာ အကျအဆုံးနဲ့ တပ်ပြေးအင်အားများလာတာကြောင့် ခုလိုမျိုး စစ်မှုထမ်းဟောင်း ဝန်ထမ်းတွေကို အထိုင်လုံခြုံရေးဂိတ်တွေမှာ ခေါ်ယူအသုံးပြုနေရတာမျိုး ဖြစ်နိုင်တယ်လို့ စစ်တပ်အရာရှိဟောင်းအချို့က သုံးသပ်ပြောပါတယ်။

1 hour Ago
Up