close

န်ရာကိုင်းကျေးရွာ

close

August 6, 2022

မောင်တောမြို့နယ်မြောက်ပိုင်း နန်ရာကိုင်းကျေးရွာက နယ်ခြားစောင့်စခန်း မီးရှို့ခံရ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း နန်ရာကိုင်းကျေးရွာရှိ နယ်ခြားစောင့်စခန်းအား သြဂုတ် ၅ ရက် ညပိုင်းမှာ အေအေမီးရှို့လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ဟုတ်ပါတယ်။ မနေ့က ညက အေအေ ဝင်လာတယ်ဆိုပြီး တိုက်ပွဲဖြစ်မှာကြောက်လို့  ရွာသား တွေ ထွက်ပြေးကြတော နယ်ခြားစောင့်တွေပါ ထွက်ပြေးကြတယ်။ နယ်ခြားစခန်းကိုတော အေအေဘက်က မီးရှို့သွားခဲ့တယ်။ တိုက်ပွဲတော့မဖြစ်ခဲ့ပါဘူး” လို့ နန်ရာကိုင်းကျေးရွာဒေသခံတဦးက ပြောပါတယ်။

နန်းရာကိုင်း ​ကျေးရွာမှာ အထိုင်ချထားတဲ့ နယ်ခြားစောင့်စခန်းမီးရှို့ခံရတာမှန်ကန်ပြီး သစ်တုံးနားခွဆုံကျေးရွာမှာတော့ နယ်ခြားစောင့်စခန်းအထိုင်မရှိဘဲ လုပ်ရှားယာယီစခန်းသာရှိကြောင်း သစ်တုံးခွဆုံကျေးရွာသားတွေက ပြောပါတယ်။

"နန်းရာကိုင်းမှာ နယ်ခြားစောင့်စခန်း မနေ့က မီးရှို့ခံရတာမှန်ပါတယ်။ သစ်တုံးနားခွဆုံမှာတော့ လုပ်ရှားစခန်းလောက်သာရှိတယ်။ အခုတော့ အေးဆေးဖြစ်သွားကြပါပြီ။"

မောင်တောမြို့နယ်မြောက်ပိုင်း လက်ပံတောင်ကြောကို စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲငယ်တွေ ရက်ဆက် ဖြစ်ပွားနေတာပါ။

6 hours Ago
Up