close

န်ဟီးရိုး ဟက်ဟင်ရွာ

close

September 13, 2021

တရုတ်ဘက်က နယ်ကျွံခြံစည်းရိုးစိုက်ထားသဖြင့် မန်ဟီးရိုး ဟက်ဟင်ရွာခံများ ဆန္ဒပြပြန်ဖျက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ မန်ဟီးရိုးမြို့နယ်ခွဲ ဟက်ဟင်ရွာမှာ မြန်မာ-တရုတ်နယ်ခြား ခြံစည်းရိုးကို တရုတ်ဘက်က နယ်ကျွံယူထားတာကြောင့် ရွာခံတွေ စက်တင်ဘာ ၁၂ ရက်နေ့က ဆန္ဒပြခဲ့ကြပြီး ကာထားတဲ့စည်းရိုးတွေကို ပြန်ဖျက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒေသခံ အမျိုးသမီးတစ်ဦးက “ရွှေလီဟိုဘက်ကမ်းမှာ ရှိနေတဲ့ (ဝမ့်ဟတ်ဟင်) ဟက်ဟင်ရွာက ဒီနေ့ ဆန္ဒပြတယ်ပေါ့နော်။ တရုတ်ပြည်က မြန်မာပြည်ထဲမှာပေါ့နော် နယ်စပ်နားမှာ တိုင်လာစိုက်တာ။ တိုင်ဆိုတာ ခြံစည်းရိုးပေါ့နော် လာစိုက်ထားတာ။ အဲဒါကို မကျေနပ်လို့ ဆန္ဒပြကြတာ။” လို့ ပြောပါတယ်။

နမ့်ခမ်းမြို့ ဟက်ဟင်ရွာမှာ တရုတ်နယ်ခြား စည်းရိုး နယ်ကျော်ကာယူနေတာကြောင့် ဒေသခံ ရွာသူ၊ ရွာသားတွေက ကာထားတဲ့ စည်းရိုးကိုလည်း ဖျက်ပစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ 

ဒေသခံတစ်ဦးက “မန်ဟီးရိုးမြို့ မူဆယ်မြို့နယ်ခွဲ၊ ဟတ်ဟင် အဲအပေါ်နားလေးမှာ။ ရှမ်းရွာလေ။ ခုက တရုတ်တွေက တစ်လံကျော်ကျော်၊ နှစ်လံလောက် ကာယူလိုက်တာလေနော်။ ကချင်ပြည်နယ်ဘက်လည်း အဲလိုပါပဲ။ တောင်တွေ ဘာတွေ အားရပါးရ ကာယူလိုက်တာ။” လို့ ပြောပါတယ်။ 

တရုတ်ဘက်က COVID-19 အကြောင်းပြကာ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ နယ်နိမိတ် တော်တော်များများမှာ နယ်ခြားစည်းရိုး နယ်ကျွံကာယူမှုတွေ ပိုမိုများပြားလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

3 mins Ago
Up