close

နျူကလီးယားကပ်ဆိုး

close

March 4, 2022

နျူကလီးယား ကပ်ဆိုးကြီးထဲ ဥရောပတိုက်ကြီး အဆုံးမသတ်စေလိုဟု ယူကရိန်းသမ္မတ ပြော

ရုရှားတပ်တွေကို ဟန့်တားဖို့ ဥရောပက ချက်ချင်းအရေးယူ ဆောင်ရွက်ဖို့နဲ့ နျူကလီးယား ကပ်ဆိုးကြီးထဲမှာ ဥရောပတိုက်ကြီး မသေဆုံးပါစေနဲ့လို့ ယူကရိန်း သမ္မတ ဗိုလိုဒိုမြာ ဇေလန်စကီက   မတ်လ ၄ ရက်မှာ သတိပေး ပြောကြားလိုက်ပါတယ်။

ရုရှားတင့်ကားတွေက နျူကလီးယား ဓာတ်ပေါင်းဖိုဆီ သွားရာလမ်းက အတားအဆီးတွေကို ပစ်ခတ်ခဲ့ပြီး ဥရောပရဲ့ အကြီးဆုံး နျူကလီးယား ဓာတ်အားပေး စက်ရုံမီးလောင်နေပြီဖြစ်ကြောင်းနဲ့ ဥရောပဟာ အခု နိုးထရတော့မယ်လို့  ယူကရိန်း သမ္မတက ပြောလိုက်ပါတယ်။

တင့်ကားတွေမှာ အပူချိန်အပေါ်မူတည်ပြီး ပုံဖော်ကြည့်မြင်နိုင်တဲ့ ကိရိယာတွေ တပ်ထားတာမို့ သူတို့ ပစ်နေတဲ့နေရာက ဘာလဲဆိုတာ သူတို့သိတယ်၊ သူတို့က ဒီအတွက် ပြင်ဆင်ထားတယ်လို့ လည်းဇေလန်စကီက ပြောပါတယ်။

အီနာဟိုဒါမြို့က ဇာပိုရစ်ချ်ဇီယာ နျူကလီးယား ဓာတ်အားပေးစက်ရုံရှိတဲ့မြို့ဖြစ်ပြီး အဲဒီမြို့မှာ နျူကလီးယား ဓာတ်ပေါင်းဖို ၆ လုံးရှိကာ  ချာနိုဘိုင်းဆိုတာ ပေါက်ကွဲခဲ့တဲ့ ဓာတ်ပေါင်းဖို တလုံးတည်းပါ လို့ဇေလန်စကီက ပြောပါတယ်။

“ကျနော် ယူကရိန်းပြည်သူအားလုံးကို၊ ဥရောပသားအားလုံးကို ပြီးတော့ တကမ္ဘာလုံးက ချာနိုဘိုင်းကို သိတဲ့လူ အားလုံးကို မေတ္တာရပ်ခံပါတယ်။ နျူကလီးယား ဓာတ်အားပေးစက်ရုံ ပေါက်ကွဲမှုဟာ ဘယ်လို ကပ်ဆိုးနဲ့ ဓားစာခံတွေကို ဖြစ်စေလဲ ဆိုတာ သိတဲ့လူအားလုံးကို မေတ္တာရပ်ခံပါတယ်။ ဒါဟာ ကမ္ဘာလုံးဆိုင်ရာ ကပ်ဘေးပါ။ အကျိုးဆက်ကို သိန်းချီတဲ့ လူတွေ ခံရမှာပါ။ ထောင်သောင်းချီတဲ့လူတွေကို ဘေးလွတ်ရာ ရွှေ့ပေးပြီးပါပြီ။  ရုရှားဟာ နျူကလီးယားကပ်ဘေးကို ထပ်ဖြစ်စေ ချင်နေတယ်။ ဒါပေမဲ့ ဒီတချီက ၆ ဆ ပိုကြီးမှာပါ လို့လည်း ဇေလန်စကီက ပြောပါတယ်။

ယူကရိန်းနိုင်ငံမှာ နျူကလီးယား ဓာတ်ပေါင်းဖို ၁၅ လုံး ရှိပြီး ပေါက်ကွဲခဲ့ရင် ဥရောပတိုက် တတိုက်လုံး အဆုံးသတ် သွားနိုင်ပါတယ်။

 ဒါကြောင့် ရုရှားတပ်တွေကို ဟန့်တားဖို့ ဥရောပက ချက်ချင်းအရေးယူ ဆောင်ရွက်ပါ နျူကလီးယား ကပ်ဆိုးကြီးထဲမှာ ဥရောပ တိုက်ကြီး မသေဆုံးပါစေနဲ့လို့ ဇေလန်စကီက ပြောခဲ့ပါတယ်။

1 min Ago
Up