close

နျူကလီးယားဓာတ်ပေါင်းဖို

close

June 23, 2021

ဂျပန်နိုင်ငံရှိ ၄၄ နှစ်သက်တမ်းကြာ နျူကလီးယားဓာတ်ပေါင်းဖို ပြန်လည်ပတ်

ဂျပန်နိုင်ငံအနောက်ပိုင်း မိဟာမာနျူကလီးယားစက်ရုံရှိ သက်တမ်း ၄၄ နှစ် ကြာပြီဖြစ်တဲ့ ဓာတ်ပေါင်းဖိုကို ကန်စိုင်းလျှပ်စစ်စွမ်းအင်ကုမ္ပဏီက လုပ်ငန်းပြန်လည်ပတ်ခဲ့လို့ နျူကလီးယား ပြဿနာ ဖြစ်နိုင်ခြေအတွက် စိုးရိမ်နေကြပါတယ်။

အိုဆာကာမြို့နဲ့ သူ့ရဲ့စက်မှုပတ်ဝန်းကျင်အတွက် ကန်စိုင်းလျှပ်စစ်စွမ်းအင်ကုမ္ပဏီက ဖှုခုအိခရိုင်ထဲက သူ့ရဲ့ အမှတ် ၃ ဓာတ်ပေါင်းဖိုကို ဇွန် ၂၃ ရက် မနက် ၁၀ နာရီမှာ ပြန်စလိုက်တာပါ။

ဒီဓာတ်ပေါင်းဖိုဟာ ၂၀၁၁ ငလျင်နဲ့ ဆူနာမီဘေးကြောင့် ဖူကူရှီးမားနျူကလီးယား ကပ်ဘေးပြီး ကတည်းက လုပ်ငန်းပြန်စတဲ့ အဟောင်းဆုံး ဓာတ်ပေါင်းဖိုပါ။ နှစ် ၄၀ သက်တမ်းစံချိန်ကို ကျော်ပြီး သက်တမ်းတိုးဖို့ အထူးအတည်ပြုချက် လိုပါတယ်။

ကြီးကြပ်မှုနဲ့ သတ်မှတ် စည်းကမ်းချက်တွေနဲ့ မပြည့်မီကြောင်း ဖူကူရှီးမား ဓာတ်ရောင်ခြည်ယိုစိမ့်မှုက သက်သေပြထားလို့ ဂျပန်နိုင်ငံက ဓာတ်ပေါင်းဖိုအများစုကို ပိတ်ထားဆဲပါ။ ဖူကူရှီးမား  ကပ်ဘေးမတိုင်ခင်က ဂျပန် လျှပ်စစ်စွမ်းအား သုံးပုံတပုံကို ဓာတ်ပေါင်းဖို ၅၄ လုံးကနေ ပံ့ပိုးပေးခဲ့တာပါ။ 

လုပ်ငန်းပြန်စဖို့ နောက်ဆုံး အတည်ပြုချက်ရခဲ့တဲ့ ဓာတ်ပေါင်းဖို ၁၆ လုံးထဲမှာ မိဟာမာဟာ တလုံး အပါအဝင် ဖြစ်ပါတယ်။

12 hours Ago

September 17, 2019

ဂျပန် နျူကလီးယားဓာတ်ပေါင်းဖိုမှ ရေဒီယိုသတ္တိကြွရေများ စွန့်ပစ်မည့်အရေး ကိုရီးယား စိုးရိမ်

ဆူနာမီရေလှိုင်း သဘာဝဘေးကြောင့် ပျက်စီးခဲ့တဲ့ ဖူကူရှီးယား နျူကလီးယား ဓာတ်ပေါင်းဖိုက ထွက်လာတဲ့ ရေဒီယိုသတ္တိကြွ ရေတွေကို ဂျပန်အစိုးရက ဘယ်လို လုပ်မယ်ဆိုတာနဲ့ ပတ်သက်ပြီး စိုးရိမ်မှု မြင့်တက်နေတယ်လို့ စက်တင်ဘာ ၁၆ ရက်က ကျင်းပတဲ့ နိုင်ငံတကာအဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ရဲ့ အထွေထွေညီလာခံမှာ တောင်ကိုရီးယားက ပြောပါတယ်။ ဂျပန်နိုင်ငံက အဲဒီရေတွေကို ပင်လယ်သမုဒ္ဒရာထဲ စွန့်ပစ်ခဲ့မယ်ဆိုရင် တကမ္ဘာလုံး အတိုင်းအတာထိ စိုးရိမ်စရာ ကောင်းတာကြောင့် IAEA က အဓိကအခန်းကဏ္ဍကနေ ပါဝင်လှုပ်ရှားပေးဖို့ တောင်ကိုရီးယား သိပ္ပံ၊ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေး နည်းပညာဆိုင်ရာ ဒုဝန်ကြီး မွန်းမိအုတ်ခ်က တိုက်တွန်းပြောကြားပါတယ်။  ဒါဟာ ဂျပန်တနိုင်ငံတည်းနဲ့ဆိုင်တဲ့ ပြည်တွင်းရေး ပြဿနာမဟုတ်ဘူး၊ ဂျပန်အစိုးရဟာ ပွင့်လင်းမြင်သာမှုရှိရှိ လုပ်ဆောင်ရမယ်လို့ သူက ဆက်ပြောခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာ ၂၀၁၁ ခုနှစ်က  ငလျင်နဲ့ ဆူနာမီဒဏ်ကြောင့် ဖူကူရှီးယား နျူကလီးယား ဓာတ်ပေါင်းဖို ပျက်စီးသွားခဲ့ပြီး အဲဒီကထွက်လာတဲ့ ရေဒီယိုသတ္တိကြွ ဓာတ်ရောင်ခြည်သင့် ရေတွေ တန်ချိန် ၁ သန်းလောက်ကို လက်ရှိမှာ တိုကျိုအီလက်ထရောနစ်ပါဝါ ကုမ္ပဏီက စုဆောင်း သိုလှောင်ထားရပါတယ်။ ရေတွေကို ထိန်းသိမ်းဖို့ နေရာ မရှိတော့တာကြောင့် ပစိဖိတ်သမုဒ္ဒရာထဲကို စွန့်ပစ်သွားမယ်လို့ ဂျပန် သဘာဝပတ်ဝန်းကျင် ဝန်ကြီး ယူရိခိ ဟာ့ရာ့ဒါ့က စက်တင်ဘာ ၁၀ ရက်နေ့မှာ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ပင်လယ်ထဲ စွန့်ပစ်မယ့် ကိစ္စက သဘာဝပတ်ဝန်းကျင် ဝန်ကြီးရဲ့ တသီးပုဂ္ဂလ အမြင်သာ ဖြစ်ပြီး အန္တရာယ်ရှိတဲ့ အဲဒီရေတွေကို ဘယ်လို စွန့်ပစ်မယ်ဆိုတာ  ဂျပန်အစိုးရက ဆုံးဖြတ်ချက် မချရသေးဘူးလို့ IAEA အေဂျင်စီဆိုင်ရာ ဂျပန်သံအမတ် တာခိရှိ ဟိခိဟာ့ရက ပြောပါတယ်။ လက်ရှိမှာ ဂျပန်အနေနဲ့ ရေဒီယိုသတ္တိကြွ ရေတွေကို ၂၀၂၂ ခုနှစ်အထိ ထိန်းသိမ်းထားဖို့ နေရာမလောက်တော့ပါဘူး။ ဒါ့ကြောင့် ဂျပန်အစိုးရက အဲဒီရေတွေကို ပစိဖိတ်သမုဒ္ဒရာထဲ စွန့်ပစ်မှာကို အိမ်နီးချင်း တောင်ကိုရီးယားနိုင်ငံက အလွန်အမင်း စိုးရိမ်နေပါတယ်။ ~~~~~~~~~~~~~~~~~~~ Zawgyi_version ဂ်ပန္ န်ဴကလီးယားဓာတ္ေပါင္းဖိုမွ ေရဒီယိုသတၱိႂကြေရမ်ား စြန႔္ပစ္မည့္အေရး ကိုရီးယား စိုးရိမ္ ဆူနာမီေရလႈိင္း သဘာဝေဘးေၾကာင့္ ပ်က္စီးခဲ့တဲ့ ဖူကူရွီးယား န်ဴကလီးယား ဓာတ္ေပါင္းဖိုက ထြက္လာတဲ့ ေရဒီယိုသတၱိႂကြ ေရေတြကို ဂ်ပန္အစိုးရက ဘယ္လို လုပ္မယ္ဆိုတာနဲ႔ ပတ္သက္ၿပီး စိုးရိမ္မႈ ျမင့္တက္ေနတယ္လို႔ စက္တင္ဘာ ၁၆ ရက္က က်င္းပတဲ့ ႏိုင္ငံတကာအဏုျမဴစြမ္းအင္ ေအဂ်င္စီ (IAEA) ရဲ႕ အေထြေထြညီလာခံမွာ ေတာင္ကိုရီးယားက ေျပာပါတယ္။ ဂ်ပန္ႏိုင္ငံက အဲဒီေရေတြကို ပင္လယ္သမုဒၵရာထဲ စြန႔္ပစ္ခဲ့မယ္ဆိုရင္ တကမာၻလုံး အတိုင္းအတာထိ စိုးရိမ္စရာ ေကာင္းတာေၾကာင့္ IAEA က အဓိကအခန္းက႑ကေန ပါဝင္လႈပ္ရွားေပးဖို႔ ေတာင္ကိုရီးယား သိပၸံ၊ သတင္းအခ်က္အလက္နဲ႔ ဆက္သြယ္ေရး နည္းပညာဆိုင္ရာ ဒုဝန္ႀကီး မြန္းမိအုတ္ခ္က တိုက္တြန္းေျပာၾကားပါတယ္။ ဒါဟာ ဂ်ပန္တႏိုင္ငံတည္းနဲ႔ဆိုင္တဲ့ ျပည္တြင္းေရး ျပႆနာမဟုတ္ဘူး၊ ဂ်ပန္အစိုးရဟာ ပြင့္လင္းျမင္သာမႈရွိရွိ လုပ္ေဆာင္ရမယ္လို႔ သူက ဆက္ေျပာခဲ့ပါတယ္။ ဂ်ပန္ႏိုင္ငံမွာ ၂၀၁၁ ခုႏွစ္က  ငလ်င္နဲ႔ ဆူနာမီဒဏ္ေၾကာင့္ ဖူကူရွီးယား န်ဴကလီးယား ဓာတ္ေပါင္းဖို ပ်က္စီးသြားခဲ့ၿပီး အဲဒီကထြက္လာတဲ့ ေရဒီယိုသတၱိႂကြ ဓာတ္ေရာင္ျခည္သင့္ ေရေတြ တန္ခ်ိန္ ၁ သန္းေလာက္ကို လက္ရွိမွာ တိုက်ိဳအီလက္ထေရာနစ္ပါဝါ ကုမၸဏီက စုေဆာင္း သိုေလွာင္ထားရပါတယ္။ ေရေတြကို ထိန္းသိမ္းဖို႔ ေနရာ မရွိေတာ့တာေၾကာင့္ ပစိဖိတ္သမုဒၵရာထဲကို စြန႔္ပစ္သြားမယ္လို႔ ဂ်ပန္ သဘာဝပတ္ဝန္းက်င္ ဝန္ႀကီး ယူရိခိ ဟာ့ရာ့ဒါ့က စက္တင္ဘာ ၁၀ ရက္ေန႔မွာ ေျပာခဲ့ပါတယ္။ ဒါေပမဲ့ ပင္လယ္ထဲ စြန႔္ပစ္မယ့္ ကိစၥက သဘာဝပတ္ဝန္းက်င္ ဝန္ႀကီးရဲ႕ တသီးပုဂၢလ အျမင္သာ ျဖစ္ၿပီး အႏၲရာယ္ရွိတဲ့ အဲဒီေရေတြကို ဘယ္လို စြန႔္ပစ္မယ္ဆိုတာ  ဂ်ပန္အစိုးရက ဆုံးျဖတ္ခ်က္ မခ်ရေသးဘူးလို႔ IAEA ေအဂ်င္စီဆိုင္ရာ ဂ်ပန္သံအမတ္ တာခိရွိ ဟိခိဟာ့ရက ေျပာပါတယ္။ လက္ရွိမွာ ဂ်ပန္အေနနဲ႔ ေရဒီယိုသတၱိႂကြ ေရေတြကို ၂၀၂၂ ခုႏွစ္အထိ ထိန္းသိမ္းထားဖို႔ ေနရာမေလာက္ေတာ့ပါဘူး။ ဒါ့ေၾကာင့္ ဂ်ပန္အစိုးရက အဲဒီေရေတြကို ပစိဖိတ္သမုဒၵရာထဲ စြန႔္ပစ္မွာကို အိမ္နီးခ်င္း ေတာင္ကိုရီးယားႏိုင္ငံက အလြန္အမင္း စိုးရိမ္ေနပါတယ္။
2 years Ago
Up