close

နျူကလီးယားဗုံး

close

October 27, 2022

နျူးကလီးယားဗုံးစမ်းသပ်ပါက လက်တုံ့ပြန်မည်ဟု မြောက်ကိုရီးယားကို သတိပေး

မြောက်ကိုရီးယားဟာ သူ့ရဲ့ ၇ ကြိမ်မြောက် နျူးကလီးယားဗုံး စမ်းသပ်မှုလုပ်မယ်ဆိုရင် မကြုံစဘူး တုံ့ပြန်မှုကို ရလာလိမ့်မယ်လို့ အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့က အောက်တိုဘာ ၂၆ ရက်မှာ သတိပေးလိုက်ပါတယ်။

“မြောက်ကိုရီးယားအနေနဲ့ သတ္တမမြောက် နျူးကလီးယားစမ်းသပ်မှုကို ရှေ့ဆက် လုပ်ဆောင်မယ်ဆိုရင် လာပြိုင်လို့မရတဲ့ တုံ့ပြန်မှုလုပ်ပေးဖို့ လိုအပ်လိမ့်မယ်လို့ ကျနော်တို့ သဘောတူထားပါတယ်” လို့ တောင်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး ချိုဟျွန်းဒုံက တိုကျိုမှာပြုလုပ်တဲ့  သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

တောင်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး ချိုဟျွန်းဒုံဟာ သူ့ရဲ့ လုပ်ဖော်ကိုင်ဘက်တွေ ဖြစ်တဲ့ ဂျပန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး တာကီယိုမိုရီနဲ့ အမေရိကန် ဒု နိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှားမန်းတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာပါ။

မြောက်ကိုရီးယားဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် နျူးကလီးယား ဗုံးစမ်းသပ်မှု ပြန်လည်စတင်တော့မှာဖြစ်ကြောင်း ဝါရှင်တန်နဲ့ သူ့မဟာမိတ်တွေက ယုံကြည်ထားပါတယ်။

အမေရိကန်ဟာ ကြိုတင်သတ်မှတ်ချက်တွေ မထားရှိဘဲ မြောက်ကိုရီးယားနဲ့ ဆွေးနွေးဖို့ ကတိကဝတ် ပြုထားကြောင်း ရှားမန်းက ပြောပါတယ်။

မြောက်ကိုရီးယားဟာ အခုနှစ်အတွင်း မကြုံစဘူး အရှိန်အဟုန်နဲ့ လက်နက်စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပြီး ဂျပန်နိုင်ငံကို ဖြတ်ကျော်သွားခဲ့တဲ့ ဒုံးကျည်တစင်း အပါအဝင် ပဲ့ထိန်းဒုံးကျည် ၂ ဒါဇင်ကျော်ကို ပစ်ခတ်ခဲ့ပါတယ်။

24 seconds Ago
Up