အမေရိကန်နဲ့ သြစတြေးလျရှိ သံတမန်တွေကို ပြန်လည်ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ပြင်သစ်အစိုးရက စက်တင်ဘာ ၁၇ ရက်မှာ ပြောပါတယ်။
အမေရိကန်နဲ့ ဗြိတိန်တို့ဟာ ပြင်သစ်သမ္မတကို တိုင်ပင်ဆွေးနွေးခြင်းမရှိဘဲ သြစတြေးလျကို နျူကလီးယားရေငုပ်သင်္ဘောတွေ ကူညီ၀ယ်ယူပေးဖို့ ဘိုင်ဒင်ရဲ့ ကြေညာချက်ကို တုံ့ပြန်တဲ့ အနေနဲ့ ခုလို လုပ်ဆောင်တာလို့ ဆိုပါတယ်။
သြစတြေးလျဟာ ပြင်သစ်ကနေ ရေငုပ်သင်္ဘောမဝယ်တော့ဘဲ ဒေါ်လာသန်း ၄၀ တန် ပြင်သစ်ဒီဇိုင်း နျူကလီးယားရေငုပ်သင်္ဘောဝယ်ဖို့ အမေရိကန်နဲ့ ဗြိတိန်တို့နဲ့ သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။
ဒီကိစ္စရဲ့ လေးနက်မှုကြောင့် သမ္မတ အီမန်နျူရယ်မက်ခွန်းက သူ့ရဲ့သံတမန်တွေကို ပြန်ခေါ်ဖို့ ရှားရှားပါးပါး ဆုံးဖြတ်ချက်ချခဲ့တာဖြစ်တယ်လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ယွန်းအီဗာလိုဒရင်ရန် ကတော့ ကြေညာချက်မှာ ပြောထားပါတယ်။
သမ္မတအီမန်နျူရယ်မက်ခွန်းရဲ့ တောင်းဆိုချက်အရ အမေရိကန်ဆိုင်ရာ ပြင်သစ်သံအမတ် ဖိလစ်အစ်တီအန်နဲ့ ဩစတြေးလျနိုင်ငံ ကင်ဘာရာမှာ ခန့်အပ်ထားတဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေကို ညှိနှိုင်းမှုတွေအတွက် ပါရီကို ပြန်ခေါ်ထားတယ်လို့ ပြင်သစ်သံရုံးရဲ့ တွစ်တာမှာလည်း ရေးထားပါတယ်။
အမေရိကန်၊ ဗြိတိန်နဲ့ ဩစတြေးလျနိုင်ငံတွေရဲ့ AUKUS မဟာမိတ်ဖွဲ့မှုကို တုံ့ပြန်တဲ့အနေနဲ့ သူ့သံတမန်တွေကို ပြန်ခေါ်တာလို့လည်း မီဒီယာတွေမှာ ဖော်ပြပါတယ်။
ဒါဟာ မဟာမိတ်တွေ မိတ်ဖက်တွေအတွက် လက်မခံနိုင်စရာ အပြုအမူတွေကို ဖန်တီးလုပ်ဆောင်တာဖြစ်တယ်လို့လည်း ပြင်သစ်အစိုးရက ဝေဖန်ပါတယ်။