close

နျူးကလီးယားမပြန့်ပွားရေး

close

February 2, 2023

နျူးကလီးယားမပြန့်ပွားရေးစနစ်အား ထိခိုက်စေသည့် လုပ်ရပ်များကို ဆန့်ကျင်ဟု တရုတ်ပြော

နိုင်ငံတကာ နျူးကလီးယား မပြန့်ပွားရေးစနစ်ကို ထိခိုက်စေတဲ့ လုပ်ရပ်တွေကို ဆန့်ကျင်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁ ရက်မှာ ပြောလိုက်ပါတယ်။

သြစတြေးလျနဲ့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးတွေဟာ ကုန်သွယ်ရေး၊ လုံခြုံရေးနဲ့ ဩစတြေးလျနိုင်ငံအတွက် နျူးကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော နည်းပညာတွေ ပံ့ပိုးပေးမယ့် အစီအစဉ်ကို ဆွေးနွေးဖို့ စီစဉ်ထားချိန်မှာ ခုလိုပြောလိုက်တာပါ။

ဗြိတိန်အစိုးရဟာ အင်ဒို-ပစိဖိတ်ဒေသအတွင်း သူ့သြဇာကိုတည်ဆောက်ဖို့ ကြိုးပမ်းနေလို့  သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီးတွေဟာ ကုန်သွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ နှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲအတွက် အခုသီတင်းပတ်အတွင်း ဗြိတိန်ဆီ နှစ်ရက်ကြာ သွားရောက်ဆွေးနွေးကြမှာပါ။

ဒီဆွေးနွေးပွဲမှာ အင်ဒို-ပစိဖိတ် လုံခြုံရေး၊ ယူကရိန်းအတွက် ဆက်လက်ပံ့ပိုးကူညီမှု၊ အမေရိကန်၊ ဗြိတိန်နဲ့ သြစတြေးလျတို့ကြား သဘောတူညီချက်အရ သမားရိုးကျ လက်နက်တပ်ဆင်ထားတဲ့ နျူးကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေအတွက် နည်းပညာ ပံ့ပိုးပေးမယ့် သဘောတူညီချက်တို့ကို ဆွေးနွေးကြမှာပါ။

သြစတြေးလျဟာ သူ့ရဲ့ နျူးကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောအုပ်စုသစ်အတွက် ဒီဇိုင်းကို ၂၀၂၃ ခုနှစ် အစောပိုင်းမှာ ကြေညာဖို့ရှိပါတယ်။

ပြီးခဲ့တဲ့နှစ်က တရုတ်နဲ့ ဆော်လမွန်ကျွန်းစုတို့ကြား လုံခြုံရေးသဘောတူစာချုပ် အပါအဝင် တရုတ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှု ကြီးထွားလာချိန်မှာ ဗြိတိန်နဲ့ သြစတြေးလျ နှစ်နိုင်ငံစလုံးက ပစိဖိတ်ဒေသတွင်း ဆက်ဆံရေးကို မြှင့်တင်ဖို့ ကြိုးပမ်းနေကြပါတယ်။

1 min Ago
Up