close

နွားကုန်ကူးသူ

close

March 7, 2022

နွားကုန်ကူးသူ ၁ ဦးကို ငွေစက္ကူအတုများဖြင့် ထိုင်းရဲဖမ်းမိ

မြန်မာ-ထိုင်းနယ်စပ်မှာ နွားကုန်သည်ပွဲစားတယောက်ကို ထိုင်းဘတ်ငွေစက္ကူအတုတွေနဲ့ ထိုင်းစစ်တပ်၊ ထိုင်းရဲဌာနနဲ့ နယ်စပ်ရဲတပ်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့က မတ်လ ၆ ရက်မှာ  ဖမ်းဆီးလိုက်တယ်လို့ ထိုင်းသတင်းမှာ‌ ဖော်ပြပါတယ်။

မြဝတီမြို့နယ် ဝေါ်လေမြိုင် တဖက်ကမ်း ထိုင်းနိုင်ငံ၊ အုန်းဖန်မြို့ ပလောဖဒို့ကျေးရွာရှိ မြန်မာဘက်မှ တင်ပို့ရောင်းချတဲ့ နွားဈေးအနီးမှာ မသင်္ကာဖွယ် ထိုင်းအမျိုးသားတယောက်စီမှာ  ပါလာတဲ့ ဘတ်ငွေ တစ်ထောင်တန်တွေကို ငွေစက္ကူစစ်ဆေးတဲ့ စက်ကိရိယာနဲ့ စစ်ဆေးရာမှာ အတုဖြစ်ကြောင်းတွေ့ရလို့ ဖမ်းဆီးလိုက်ပါတယ်။

ကားပေါ်မှာလည်း ထိုင်းငွေစက္ကူအတု ၁၀၀၀ တန် အရွက် ၇၀၊ ကားတစ်စီး၊ နွားနှစ်ကောင် သိမ်းဆည်းရမိခဲ့ပြီး ငွေအတုကိုင်ဆောင်သူကို ဆီးစစ်ဆေးရာ မူးယစ်ဆေးသုံးစွဲထားတာ တွေ့ရှိရတယ်လို့ ဆိုပါတယ်။

အဲဒီထိုင်းနိုင်ငံသားကို ငွေအတုသုံးစွဲမှု၊ တရားမဝင် မူးယစ်ဆေးသုံးစွဲမှုတို့နဲ့ အမှုဖွင့်တရားစွဲနိုင်ရေးအတွက် စစ်တပ်၊ နယ်စပ်ရဲ အခြားဌာနဆိုင်ရာတို့က တာခ်ရိုင် အုန်းဖန်မြို့မရဲစခန်းကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

2 mins Ago
Up