တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာနားမှာ စစ်ကောင်စီတပ်နဲ့ ပူရိယက္ခညီနောင် စစ်ကြောင်းတို့ မတ် ၂၄ ရက် နေ့လယ် ၂ နာရီလောက်မှာ တိုက်ပွားဖြစ်ပွားခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
ညနေ ၅ နာရီအထိ နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ကာ ပုလောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PRDF နဲ့ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ KNDO စုပေါင်းမဟာမိတ်တပ်ဖွဲ့က စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံး ၂ လုံးချ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုအခြေအနေကိုတော့ မသိရသေးဘူးလို့ PDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
ဒေသခံအမျိုးသား တဦးက “စစ်ကြောင်းက ပုလောကုန်းရွာအနီးရှိ နတ်အိမ်တောင်ရွာမှာ အရပ်သား နေအိမ်တွေကို မီးရှို့သွားသေးတယ်။ အိမ်ခြေဘယ်နှလုံးဆိုတာတော့ အတိအကျ မသိ သေးပါဘူး”လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ပုလောကုန်းကျေးရွာအုပ်စုထဲကို လက်နက်ကြီး လက်နက်ငယ်နဲ့ ပစ်ခတ် နေတာကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း စစ်ဘေးရှောင် ကူညီပေးနေသူတွေက ပြောပါတယ်။
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာတော့ မတ် ၂၅ ရက် ညနေ ၃ နာရီဝန်းကျင်က ခမရ ၂၀၇ က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဝင်းကံ-ကျောက်ရေးတွင်းကားလမ်းမဘေးကို ကျရောက်ပေါက်ကွဲရာက နွားကျောင်းသား ကလေး ၂ ယောက်ကို ထိမှန်သွားခဲ့တယ်လို့ ကျိုက်ထိုဒေသခံတွေက ပြောပါတယ်။
လက်နက်ကြီးထိမှန်သွားသူတွေဟာ အသက်က ၉ နှစ်အရွယ်နဲ့ အသက်၁၃ နှစ်အရွယ် ညီအကိုနှစ် ယောက်ဖြစ်ကာ သိမ်ဇရပ်ဆေးရုံကို ပို့ဆောင်ပေးထားပြီး ဒဏ်ရာ မစိုးရိမ်ရဘူးလို့ မိသားစုနဲ့ နီးစပ်တဲ့သူတွေက ပြောပါတယ်။
စစ်တပ်က သူ့တို့တပ်စခန်းကို PDF တွေက ဝင်ရောက်ပစ်ခတ်တာ ခံရပြီးဆို PDF ရှိနေနိုင်မယ့်ရွာတွေကို မှန်းဆပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အရပ်သား ထိခိုက် သေဆုံးခဲ့တာလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လတ်တလော စစ်တပ်ဘက်က သထုံခရိုင်ဘက်မှာ စစ်အင်အားတွေ ထပ်မံဖြည့်တင်း လာနေသလို စစ်ရေးတင်းမာလာနေပါတယ်။
ကချင်ပြည်နယ်၊ မိုးညှင်းမြို့မှာ စင်တင်ဘာ ၁၅ ရက် မနက်ပိုင်းက စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့တဲ့အတွက် နွားကျောင်းသား လူငယ်တယောက် ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရဲတပ်ဖွဲ့က မြို့တွင်းကင်းလှည့်ပြီး လူငယ်တယောက်ကို တားဆီးရာ ရပ်မပေးတဲ့အတွက် ပစ်ခတ်ခဲ့ရာမှာ နွားကျောင်းနေသူ လူငယ်တယောက်ကို ကျည်ထိမှန်ခဲ့တာလို့ ဆိုပါတယ်။
မိုးညှင်းဒေသခံတယောက်က “မနက် ၁၀ နာရီလောက်က ရွှေပေါက်ကံလမ်းဆုံမှာ ရဲအဖွဲ့ ကင်းလှည့်နေတုန်း ကောင်လေးတယောက်ကို တားတယ်။ သူက ဆိုင်ကယ်ရပ်မပေးလို့ လိုက်ပစ်ရင်း လမ်းဘေး နွားကျောင်းနေတဲ့ကလေးကို ထိတာ၊ လက်မောင်းဒဏ်ရာ ရသွားတယ်” လို့ ပြောပါတယ်။
ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့တဲ့အတွက် နွားကျောင်းနေသူ မောင်ရာဘီးဟာ လက်မောင်းကျည်ထိမှန် ဒဏ်ရာရခဲ့လို့ မြစ်ကြီးနားဆေးရုံကို ပို့ဆောင်ထားရပါတယ်။
မိုးညှင်းမြို့မှာ သြဂုတ် ၃၁ ရက်က စောလင်းအောင်ဆိုသူ သေနတ်နဲ့ ပစ်သတ်ခံရပြီး နောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြို့အတွင်း စစ်ဆေးမှုတွေ တင်းကျပ်ထားပါတယ်။