close

နွေဦးဆီဆိုင်

close

January 25, 2022

ဒီးမော့ဆိုတွင် တော်လှန်ရေးအင်အားစုက နွေဦးဆီဆိုင်ဖွင့်လှစ်

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့ထဲမှာ တော်လှန်ရေးအင်အားစုတွေရဲ့ နွေဦးဆီဆိုင် ဖွင့်လှစ်ခဲ့ပါတယ်။ 

အဆိုပါဆီဆိုင်ကို ဇန်နဝါရီ ၂၁ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး တော်လှန်ရေး ရန်ပုံငွေအတွက်နဲ့ တဟုန်ထိုးတက်နေတဲ့ ဆီဈေးကို တတ်နိုင်သမျှ ထိန်းချုပ်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။

အဲဒီဆီဆိုင်က ရရှိတဲ့ အမြတ်ငွေတွေဟာ တော်လှန်ရေးမှာ အထိုက်အလျောက် အသုံးဝင်နိုင်မှာဖြစ်ပြီး နောက်ထပ် တော်လှန်ရေးအတွက် ဆက်လက်ကြိုးစားနေဦးမယ်လို့ ဆိုပါတယ်။ အဆိုပါ နွေဦးဆီဆိုင်က ကရင်နီပြည်မှာ တော်လှန်ရေးအင်အားစုရဲ့ ပထမဆုံး ရန်ပုံငွေစီးပွားရေးလုပ်ငန်းတခုလည်း ဖြစ်ပါတယ်။

33 seconds Ago
Up