close

နွေဦးတော်လှန်ရေးရန်ပုံငွေ

close

July 2, 2022

နွေဦးတော်လှန်ရေးရန်ပုံငွေ မြန်မာ့အနုပညာနှင့် ယဉ်ကျေးမှုပြပွဲ အော်စလိုမြို့တွင်ကျင်းပ (ဓာတ်ပုံ)

နွေဦးတော်လှန်ရေးရန်ပုံငွေအတွက် မြန်မာ့အနုပညာနဲ့ ယဉ်ကျေးမှုပြပွဲကို နော်ဝေနိုင်ငံ အော်စလိုမြို့တော်မှာ  ဇူလိုင် ၂ ရက်က ဒေသစံတော်ချိန် နေ့လယ် ၁ နာရီကနေ ညနေ ၄ နာရီအထိ ကျင်းပပါတယ်။

ဒီပြပွဲမှာ ပြည်တွင်းပြည်ပက မြန်မာပန်းချီဆရာတွေရဲ့ ရေဆေးပန်းချီ၊ ဆီဆေးပန်းချီနဲ့ ရိုးရာကျောက်ပန်းချီတွေကို ခင်းကျင်းပြသရောင်းချထားပါတယ်။

မြန်မာ့ရိုးရာ အစားအသောက်တွေလည်း ရောင်းချပေးထားသလို အကတွေ၊ တော်လှန်ရေးတေးသီချင်းတွေနဲ့လည်း သီဆို ဖျော်ဖြေခဲ့ကြပါတယ်။

ပန်းချီကားတွေကိုတော့ အခုပြပွဲမှာသာမက အွန်လိုင်းကနေလည်း ရောင်းချပေးသွားမယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

9 hours Ago

October 18, 2021

ဆောင်းဦးလှိုင်၏ နွေဦးတော်လှန်ရေးရန်ပုံငွေ ဂီတဖျော်‌ဖြေပွဲမှ ဒေါ်လာ ၅ သိန်းကျော်ရရှိထား

မြန်မာ့နွေဦးတော်လှန်ရေးရန်ပုံငွေအတွက် နိုင်ငံကျော်အဆိုတော် ဆောင်းဦးလှိုင်ရဲ့ အမေရိကန်နိုင်ငံတလွှား ပွဲစဉ် ၉ ခုမြောက်‌ ဂီတဖျော်ဖြေပွဲအပြီးမှာ ဒေါ်လာ ငါးသိန်း နှစ်သောင်း ကျော်ရရှိထားတယ်လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ အောက်တိုဘာ ၁၈ ရက်နေ့က ဖော်ပြထားပါတယ်။ 

“ကြွရောက်အားပေးကူညီသူ အားလုံးကြောင့် San Francisco ပွဲစဉ်မှာ ရန်ပုံငွေ ဒေါ်လာ တစ်သိန်းကျော် ရရှိခဲ့ပါတယ်။ ပရိသတ် အထူးအားပေးခဲ့တဲ့ပွဲတစ်ခု ဖြစ်ခဲ့ပါတယ်။ ပွဲစဥ် ၉ ခုအပြီး ရန်ပုံငွေစုစုပေါင်း ဒေါ်လာ ငါးသိန်းနှစ်သောင်းကျော် ရှာဖွေနိုင်ခဲ့ပြီး စီမံခန့်ခွဲကြမယ့် Organizers များအနေနဲ့ ပရိသတ်များရဲ့ဆန္ဒအတိုင်း အမိမြန်မာပြည်မှာ စစ်အာဏာရှင်တော်လှန်ရေးအတွက် အထိရောက်ဆုံးဖြစ်စေမယ့်နေရာတွေကို ပေးပို့လှူဒါန်းနိုင်ဖို့ ကျနော် မျှော်လင့်မိပါတယ်” လို့ အဆိုတော်ဆောင်းဦးလှိုင်က လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။လာမယ့်စနေနေ့ Dallas, Texas ပွဲစဉ်ဟာ သူရဲ့ အပိတ်ပွဲစဉ်တွေ ဖြစ်ကြောင်းလည်း  ဖော်ပြထားပါတယ်။

9 months Ago
Up