close

နှင်းခဲပြိုကျ

close

July 4, 2022

အီတလီတွင် နှင်းခဲပြိုကျပြီး လူ ၆ ဦး သေဆုံး

အီတလီနိုင်ငံ အဲ့လ်ပ်စ်တောင်တန်းမှာ အပူချိန် စံချိန်တင် မြင့်မားနေတာကြောင့် နှင်းခဲတောင်ပြိုကျပြီး အနည်းဆုံး လူ ၆ ယောက်သေဆုံးသွားတယ်လို့ ဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။ 

တောင်ပေါ် ကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်တဲ့ ဗီဒီယိုထဲမှာ နှင်းတွေ ပြိုကျနေပုံကို တွေ့ရပြီး ရဟတ်ယညဉ်တစင်း တောင်စောင်းမှာ ပျံဝဲနေတာကို ရိုက်ကူးထားပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လုပ်နေဆဲဖြစ်ပြီး အပျော်တမ်းတောင်တက်သမားတွေ အပါအဝင် ဒဏ်ရာရသူတွေ အများကြီး ရှိနိုင်တယ်လို့ ရဲအဖွဲ့က ဇူလိုင် ၃ ရက်မှာ ပြောပါတယ်။

နှင်းခဲတောင်ပြိုတဲ့ နေရာဟာ အဲ့လ်ပ်စ်တောင်တန်းရဲ့ အရှေ့ဘက်ခြမ်း  ထရန်တိုနဲ့ ဗီနီတို ဒေသနှစ်ခု ကြားဒေသမှာ ဖြစ်တာလို့ ဆိုပါတယ်။ 

ဒဏ်ရာရသူတွေကို အနီးနားက ဗဲလန်နို၊ ထရီဗစ်ဆို၊ ထရန်တို၊ ဘိုဇန်နိုမြို့တွေမှာ ရှိတဲ့ ဆေးရုံတွေ ကို ပို့ထားလိုက်ပြီလို့ ပြောပါတယ်။ 

သေဆုံးသူ အရေအတွက် အတိအကျကိုတော့ အတည်ပြုနေဆဲ ဖြစ်ပါတယ်။

2 mins Ago
Up