close

နှင်းလျှောစီး မာရသွန်ပြိုင်ပွဲ

close

March 14, 2022

ကိုဗစ်ကြောင့် ရပ်နားထားသည့် ဆွစ်ဇာလန်နိုင်ငံက နှင်းလျှောစီး မာရသွန်ပြိုင်ပွဲ ပြန်လည်ကျင်းပ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကြောင့် ၂ နှစ်ကြာ ရပ်နားထားရတဲ့ ဆွစ်ဇာလန်နိုင်ငံက အန်ဂါဒင် နှင်းလျှောစီးမာရသွန်ပြိုင်ပွဲကို ဒီနှစ်မှာတော့ နိုင်ငံပေါင်း ၄၀ က ပြိုင်ပွဲဝင် ၁၁,၀၀၀ က မတ်လ ၁၃ ရက်မှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။

ကမ္ဘာ့ဒုတိယအကြီးဆုံး နိုင်ငံဖြတ်ကျော် နှင်းလျှောစီးပြိုင်ပွဲအဖြစ် လူသိများတဲ့ ဒီပွဲစဉ်ဟာ မာလိုဂျာကနေ အဲ့စ်ချန့်ဖ်ှမြို့ထိ ၄၂ ကီလိုမီတာ ရှည်လျားတဲ့ မာရသွန်ပွဲဖြစ်ပြီး လူထောင်ချီကို ဆွဲဆောင်နေပါတယ်။

၅၂ ကြိမ်မြောက် ကျင်းပတဲ့ ပွဲစဉ်အတွင်း အမျိုးသား လက်ရွေးစင်ပြိုင်ပွဲမှာ ရိုမန်ဖူရ်ဂါဟာ ပြိုင်ပွဲတွင် ၄ ကြိမ်မြောက် အနိုင်ရရှိခဲ့ပြီး ဆွစ်ဇာလန်နိုင်ငံက ဝါရင့်ကစားသမား ဒါရီယို ကိုလော့ညာ Dario Cologna က ဒုတိယနဲ့ ပြင်သစ်က တွန်မ် မန်ရှီနီ Tom Mancini က တတိယ အသီးသီး ဆွတ်ခူးခဲ့ပါတယ်။

အမျိုးသမီး ပွဲစဉ်မှာတော့ ဆွစ်ဇာလန်နိုင်ငံသူ အသက် ၂၀ အရွယ် နက်ဂျာ ကာလင်းက ပထမ၊ ပြင်သစ်နိုင်ငံက ဆီလင်း ချိုပတ်က ဒုတိယနဲ့ ပြင်သစ်သူ အီနိုဟာ လက်ကျူယီယာက တတိယ အသီးသီးဆွတ်ခူးခဲ့ပါတယ်။

2 mins Ago
Up