close

နှစ်ကရင်ကျေးရွာ

close

November 7, 2022

ရေးမြို့နယ် နှစ်ကရင်ကျေးရွာမှ ပျောက်ဆုံး မိန်းကလေး ၁ ဦးကို ဓားဒဏ်ရာများနှင့် ပြန်တွေ့

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ရွာနေ အသက် ၁၆ နှစ်အရွယ် မဖူးပွင့်ကဗျာကို ဓားဒဏ်ရာတွေနဲ့ နိုဝင်ဘာ ၆ ရက်က ရွာနားမှာ ပြန်လည်တွေ့ရှိခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

နိုဝင်ဘာ ၅ ရက်က မဖူးပွင့်ကဗျာဟာ နှစ်ကရင်ရွာကနေ မောင်ချမ်းမွန်(ခ)အာရုံဦးနဲ့ မပြည့်ဖြိုးဝေတို့ကို ခေါ်ဆောင်ပြီး ဆိုင်ကယ်တစီးတည်း အတူစီးသွားရာက ရေး- သံဖြူဇရပ် ကားလမ်းပေါ်  ရွာအဝင်ဝမှာ လူကို ဓားနဲ့ထိုးခံရတဲ့အပြင် ဆိုင်ကယ်လုယူခံလိုက်ရတာလို့ ဒေသခံတွေက ပြောပါတယ်။

ဖြစ်စဉ်ဖြစ်ပွားချိန် အတူပါလင်မယားက လွတ်မြောက်ခဲ့ပေမဲ့ အိမ်ပြန်မရောက်လို့ မိဘဆွေမျိုး တွေက လိုက်ရှာဖွေရာကနေ မဖူးပွင့်ကဗျာကို ဓားဒဏ်ရာတွေနဲ့ နှစ်ကရင်ရွာအထွက် ဆင်နှစ်ကောင်ကွေ့ မရောက်ခင် ရော်ဘာခြံလမ်းကြား သင်္ချိုင်းအနီး ချုံကြားမှာ ပြန်လည် တွေ့ရှိခဲ့တာပါ။

ရွှေဟင်္သာ လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူက “ဒဏ်ရာက စိုးရိမ်ရလို့ မော်လမြိုင်ဆေးရုံကို အရေးပေါ် ပို့လိုက်ရတယ်”လို့ ပြောပါတယ်။

ဖြစ်စဉ်နှင့်ပတ်သက်လို့ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေး ရှာဖွေနေတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

3 hours Ago

October 10, 2021

ရေးမြို့နယ် နှစ်ကရင်ကျေးရွာ ရဲစခန်း ချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း နှစ်ကရင်ကျေးရွာရှိ ရဲစခန်းကို အောက်တိုဘာ ၉ ရက် ညနေ ၅ နာရီခွဲလောက်မှာ ရေး PDF ပြောက်ကျားအထူးတပ်ဖွဲ့က ချိန်ကိုက်မိုင်း ၁ လုံးနဲ့ ဖောက်ခွဲခဲ့တယ်လို့ သိရပါတယ်။

ရဲဝန်ထမ်းတွေကို CDM ဝင်ဖို့ ဖိအားပေးတဲ့အနေနဲ့ အခုလို ချိန်ကိုက်မိုင်းဖောက်ခွဲခဲ့တာဖြစ်ပြီး အချိန်တစ်ပတ်အတွင်း CDM မဝင်ပါက  ထပ်မံတိုက်ခိုက်သွားမယ်လို့ ရေး PDF က သတိပေးလိုက်ပါတယ်။

ရေး PDF က စစ်အာဏာရှင်လက်အောက်ခံ  စစ်တပ်၊  ရဲတပ်ဖွဲ့ဝင်တွေ နဲ့  သတင်းပေးတွေအပြင် ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို မကြာခဏဗုံးခွဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူ အနည်းဆုံး ၅ ဦးလောက်ရှိပြီလို့ ဆိုပါတယ်။

မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေကတော့ ရေးမြို့အဝင် အထွက်တွေ အားလုံးမှာ လုံခြုံရေးတွေ ပိုမိုတင်းကျပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေးမြို့ဒေသခံတွေဟာ စစ်ကောင်စီတပ်ရဲ့ မကြာခဏ စစ်ဆေး ဖမ်းဆီးခံနေရကာ စစ်ကောင်စီတပ်က ရေး PDF ဆိုပြီး သာမန်အရပ်သား ၂ ဦးကို ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။

1 year Ago
Up