close

နှစ်နိုင်ငံဆက်ဆံရေး

close

June 13, 2022

နှစ်နိုင်ငံ ဆက်ဆံရေးကောင်းမွန်ရန် အမေရိကန်အပေါ် မူတည်ဟု တရုတ်ပြော

ထိုင်ဝမ်နဲ့ ပြန်လည်ပေါင်းစည်းရေး တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်ကို ဆက်လက်ထိန်းသိမ်းထားဖို့နဲ့ တရုတ်- အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးဟာ အရေးကြီးတဲ့အခိုက်အတန့်မှာ ရှိနေတာကြောင့် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ဖို့က အမေရိကန်အပေါ် မူတည်တယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီး ဝေဖှုန့်ဟော့က ဇွန် ၁၂ ရက်က ပြောပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်ဒ် အော်စတင် ရဲ့  ဇွန် ၁၁ ရက် မိန့်ခွန်းအပြီးမှာ ဝေဖှုန့်ဟော့က တရုတ်နဲ့ အမေရိကန်ကြား ပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုခဲ့တာပါ။

တရုတ်နိုင်ငံဟာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကိုသာ ကြိုးပမ်းပြီး ရန်လိုသူ မဟုတ်ဘူးလို့လည်း အာရှလုံခြုံရေး အစည်းအဝေးထဲမှာ ထပ်ခါတလဲလဲ ပြောဆိုခဲ့ပါတယ်။

ထိုင်ဝမ်ကို ပြည်နယ်တခုအနေနဲ့ ရှုမြင်တဲ့ တရုတ်ရဲ့ ရပ်တည်ချက်က မပြောင်းလဲဘူးလို့လည်း ဝေက ပြောပါတယ်။

တရုတ်အစိုးရဟာ သူ့ရဲ့ စည်းလုံးညီညွတ်မှုကို အတိအကျ သိရှိနားလည်လိမ့်မယ်လို့လည်း သူက ပြောပါတယ်။

“ထိုင်ဝမ်ကို တရုတ်နိုင်ငံကနေ ခွဲထုတ်ဖို့ သတ္တိရှိရင် ဘယ်သူမဆို တိုက်ခိုက်ဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူး။ စရိတ်စက အကုန်ခံပြီး တိုက်ပွဲဝင်သွားမှာ သေချာပါတယ်။ ဒါက တရုတ်အတွက် တခုတည်းသော ရွေးချယ်မှုပဲ” လို့ ဝေက ပြောခဲ့ပါတယ်။

1 min Ago
Up