close

နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး

close

February 15, 2022

တူရကီနှင့် ယူအေအီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး သဘောတူလက်မှတ်ထိုး

တူရကီနဲ့ အာရပ်စော်ဘွားများပြည်ထောင်စု ယူအေအီးနိုင်ငံတို့ဟာ ကာကွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံရေး အပါအဝင် နယ်ပယ်အသီးသီးမှာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် ၁၃ ရပ်ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ တူရကီအစိုးရ သတင်းဌာန အနာဒိုလူက ဖေဖော်ဝါရီ ၁၄ ရက်မှာ ဖော်ပြပါတယ်။

တူရကီသမ္မတ တေယစ်အာဒိုဂံက ယူအေအီးနိုင်ငံဆီ အလည်အပတ် ခရီးစဉ်အတွင်း သဘောတူညီချက်တွေကို လက်မှတ်ထိုးခဲ့တာပါ။

ဒါဟာ စီးပွားရေးမိတ်ဖက်ဖြစ်ရေး ဦးတည်ချက်အတွက် ဆက်ဆံရေးကို ပြင်ဆင်နေတဲ့ နှစ်နိုင်ငံအကြား ဆယ်နှစ်အတွင်း ပထမဆုံးရီးစဉ်လည်း ဖြစ်ပါတယ်။

အာဒိုဂံဟာ လက်မှတ်ထိုးပွဲအတွင်း ယူအေအီး အိမ်ရှေ့စံမင်းသား မိုဟမ်မဒ်ဘင် ဇာယဒ် အယ်လ် နာယန်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

အိမ်ရှေ့စံဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက တူရကီမြို့တော် အန်ကာရာကို လာရောက် လည်ပတ်ပြီး အမေရိကန်ဒေါ်လာ ဘီလီယံချီတန်ဖိုးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူစာချုပ်တွေကို လက်မှတ်ထိုးခဲ့ပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်က အာရပ်တော်လှန်ရေးအပြီး ဒေသတွင်း ဩဇာလွှမ်းနိုင်ရေးအတွက် တူရကီနဲ့ ယူအေအီးတို့ ပြိုင်ဆိုင်နေခဲ့တာပါ။

လစ်ဗျားနိုင်ငံ ပြည်တွင်းစစ်မှာလည်း မတူတဲ့ဘက်တွေကို ကျောထောက်နောက်ခံပေးရင်း ပြိုင်ဆိုင်နေကြတာဖြစ်ပြီး အခုတော့ မြေထဲပင်လယ်အရှေ့ပိုင်းကနေ ပင်လယ်ကွေ့ ဒေသအထိ အငြင်းပွားတာတွေ ပိုတိုးလာနေတယ်လို့ ရိုက်တာ သတင်းမှာ  ဖော်ပြထားပါတယ်။

တူရကီမှာ စီးပွားရေး ကသောင်းကနင်း ဖြစ်တာကို ရင်ဆိုင်ရအပြီး ယူအေအီးကလည်း စီးပွားရေး ဦးစားပေးမှုကို တွန်းအားပေးတဲ့ ပိုကျေအေးစရာကောင်းတဲ့ နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလာတဲ့အတွက် နှစ်နိုင်ငံဆက်ဆံရေးက ပိုနွေးထွေးလာခဲ့တယ်လို့ ဆိုပါတယ်။

5 mins Ago
Up