close

နှစ်ရှည်စာချုပ်

close

October 15, 2022

ဘောလုံးကောက်သူဘဝကနေ မန်စီးတီးအသင်းနှင့် နှစ်ရှည်စာချုပ်ချုပ်ဆိုနိုင်ခဲ့သည့်အပေါ် ဖိုဒမ်ဂုဏ်ယူ

ဘောလုံးကောက်ပေးရတဲ့ကောင်လေးဘဝကနေ မန်စီးတီးနဲ့ နှစ်ရှည်စာချုပ်ချုပ်ဆိုနိုင်ခဲ့တဲ့အထိ အောင်မြင်မှုရခဲ့တဲ့အပေါ် ဂုဏ်ယူကျေနပ်မိကြောင်း တိုက်စစ်မှူးဖိုဒမ်က ပြောပါတယ်။

အင်္ဂလန် တိုက်စစ်ကစားသမား ဖိုဒမ်ဟာ ငယ်စဉ်ကတည်းက မန်စီးတီးအသင်းရဲ့  အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့သူဖြစ်ပြီး အသင်းအတွက် ဘောလုံးကောက်ပေးခဲ့ဖူးသလို အသင်းရဲ့ ပရိသတ်တစ်ဦးလည်း ဖြစ်ခဲ့သူပါ။

အဲဒီလို ဘဝတစ်လျှောက်လုံးမန်စီးတီးနဲ့ ပတ်သက်ခဲ့တဲ့ ဖိုဒမ်ဟာ အသင်းနဲ့ ၅ နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပြီး ၂၀၂၇ ခုနှစ်အထိ ဆက်ရှိတော့မှာပါ။

“စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့တာနဲ့ ပတ်သက်ပြီး ဘယ်လောက် ပျော်ရွှင်ရသလဲဆိုတာ ဖော်ပြဖို့ခက်ခဲပါတယ်။ ဒါက အိပ်မက်တွေအမှန်တကယ်ဖြစ် လာခဲ့တာပေါ့။  ကျနော့်ဘဝတစ်လျှောက်လုံး စီးတီးပရိသတ်တစ်ယောက်ဖြစ်ခဲ့တယ်။ ဒီအသင်းမှာ အချိန်ကြာမြင့်စွာ လေ့ကျင့်မှုတွေလုပ်ဆောင်ခဲ့သလို ဘောလုံးကောက်ပေးရတဲ့ ချာတိတ်တစ် ယောက် အနေနဲ့လည်း လုပ်ပေးခဲ့ဖူးတယ်။ ဒီအသင်းကိုကျနော်ချစ်တယ်။ ၂၀၂၇ ခုနှစ်အထိ အသင်းရဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့ ဆက်ရှိသွားမယ့် ခံစားချက်က အံ့အားသင့်စရာကောင်းတယ်”လို့ ဖိုဒမ်က ပြောပါတယ်။

အသက် ၂၂ နှစ်ရှိ ဖိုဒမ်ဟာ အခုနှစ်ရာသီ ၁၃ ပွဲ ကစားအပြီးမှာ ၇ ဂိုးသွင်းယူကာ ခြေစွမ်းပြနေပါတယ်။ 

13 mins Ago

January 21, 2021

စမစ်ရိုးကို  နှစ်ရှည်စာချုပ်ရန် အာဆင်နယ် ကမ်းလှမ်းမည်

အာဆင်နယ်အသင်းဟာ ခြေစွမ်းပြနေတဲ့ လူငယ်ကွင်းလယ်ကစားသမား စမစ်ရိုးကို လုပ်ခတိုးပေးပြီး စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းတော့မယ်လို့ သိရပါတယ်။  အသက် ၂၀ ရှိ အင်္ဂလန်ကစားသမား စမစ်ရိုးဟာ  အသင်းရဲ့ ၆ ပွဲဆက်တိုက်ရှုံးပွဲ မရှိ ရလဒ်မှာ အဓိကနေရာကနေ ခြေစွမ်းပြခဲ့ တာပါ။  အသင်းနဲ့ ၂ နှစ် သက်တမ်းကျန်ရှိနေသေးပေမဲ့ သူ့ရဲ့ တိုးတက်လာတဲ့ ခြေစွမ်းကို ဂုဏ်ပြုတဲ့ အနေနဲ့ လက်ရှိလုပ်ခ ပေါင် ၁၅,၀၀၀ ကနေ ပေါင် ၄၀,၀၀၀ အထိ တိုးမြှင့်ပေးချေမယ်လို့ သိရပါတယ်။ နောက်ထပ် လူငယ်တိုက်စစ်ကစားသမားဖြစ်သူ ဘူကာရိုဆာကာကိုလည်း အာဆင်နယ် အသင်းက  နှစ်ရှည်စာချုပ်ချုပ်ဆိုခဲ့ပြီး တစ်ပတ်လုပ်ခပေါင် ၄၀,၀၀၀  ရရှိနေပါတယ်။  စမစ်ရိုးဟာ ဒီရာသီမှာ အာဆင်နယ်အတွက် ပြိုင်ပွဲစုံ ၁၀ ပွဲ ကစားထားပြီး ၂ ဂိုး သွင်းကာ ၅ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ထားပါတယ်။
2 years Ago
Up