close

နှစ်လမ်းမောင်း

close

October 23, 2022

မန္တလေးတွင် တစ်လမ်းမောင်း လမ်းတချို့ကို နှစ်လမ်းမောင်းအဖြစ် ပြန်ပြောင်းလဲ

မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ ၇၈ လမ်းနဲ့ လမ်း ၈၀ ကြားက အရှေ့အနောက် သွားရာလမ်းတွေဖြစ်တဲ့ ၃၆ လမ်း ၊ ၃၇လမ်း၊ ၃၉လမ်းနဲ့ လမ်း၄၀ တို့ကို တစ်‌လမ်းမောင်း စနစ်ကနေ နှစ်လမ်းမောင်းအဖြစ် ပြောင်းလဲမယ်လို့ စစ်ကောင်စီ လက်အောက်ခံ မန္တလေးစည်ပင်က ကြေညာထားပါတယ်။

အဆိုပါ လမ်းတွေကို နှစ်လမ်းမောင်းအဖြစ် အောက်တိုဘာလ ၂၇ ရက်ကနေ စတင် မောင်းနှင်ခွင့်ပြုမှာဖြစ်ပြီး ယာဉ်ကန့်လန့်ရပ်တာ၊ ယာဉ်နှစ်ထပ်ရပ်တာ၊ ဆိုင်ခန်းတွေ ဖွင့်လှစ်ရောင်းချတာတွေ မလုပ်ဖို့ကိုလည်း ကြေညာထားပါတယ်။ 

နှစ်လမ်းမောင်းအဖြစ် စတင်ကျင့်သုံးသတ်မှတ်တဲ့အချိန်ကစပြီး တောင်မြောက်လမ်းတွေကိုတော့ အဓိကလမ်းတွေအဖြစ် သတ်မှတ်သွားလာရမှာဖြစ်ပြီး အရှေ့အနောက်လမ်းတွေကနေ သွားလာသူတွေက ဦးစားပေးရမယ်လို့ သတ်မှတ်ထားပါတယ်။ 

မန္တလေးမြို့မှာတော့ စစ်အုပ်စုဟာ စခန်းချထားရာ နေရာအနီး လမ်းမကြီးတွေပေါ်မှာ လမ်းတခြမ်းကို ဘယ်ရီဂိတ်တွေချထားပြီး လုံခြုံရေးပြုလုပ်ထားတာကြောင့် လမ်းပိတ်ဆို့တာတွေ ရှိနေပါတယ်။ 

စစ်အုပ်စုလက်အောက်ခံဌာနတွေကို မကြာခဏ ဗုံးခွဲတိုက်ခိုက်လေ့ရှိတဲ့ မိန်းလမ်းမကြီးတွေပေါ်မှာလည်း slow down  တွေပြုလုပ် တားဆီးထားတဲ့အပေါ် မြို့ခံတွေက ဝေဖန်ပြောဆိုကြါတယ်။

1 min Ago
Up