close

နှစ်သစ်ကူးည

close

December 30, 2022

နှစ်သစ်ကူးညတွင်ပျော်ပါးရန် စစ်ကောင်စီက ညမထွက်ရအမိန့် တစ်ညတာ ဖျက်သိမ်း

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ  နှစ်သစ်ကူး  Countdown ပါတီပွဲ ကျင်းမှာဖြစ်လို့ ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို တစ်ညတာ ဖျက်သိမ်းလိုက်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းအစိုးရက ဒီဇင်ဘာလ ၂၉ ရက်က ထုတ်ပြန်ကြေညာပါတယ်။

ပြည်သူ့ရင်ပြင်မှာ နိုင်ငံတကာနှစ်သစ်ကူးပွဲတော် (Countdown Party)ကို စည်ကားသိုက်မြိုက်စွာ ကျင်းပဖို့အတွက်  ပုဒ်မ ၁၄၄ အရ ထုတ်ပြန်ခဲ့တဲ့ ညမထွက်ရအမိန့်ကို ဒီဇင်ဘာ ၃၁ ရက် ည ၁၂ နာရီကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက် မနက် ၄ နာရီ အထိ ခေတ္တပယ်ဖျက်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

နှစ်သစ်ကူးပွဲတော်မှာ ပြည်သူလူထုကို မီးရူးမီးပန်းတွေ ပစ်ဖောက်ပါက အရေးယူမယ်လို့ ကြေညာထားတဲ့ စစ်ကောင်စီဟာ Countdown Party ပါတီပွဲမှာတော့  မီးရှူးမီးပန်း ပစ်ဖောက်တာတွေအပြင် စတိတ်ရှိုးပွဲတွေပါ ထည့်သွင်းထားတယ်လို့ မြို့ခံတစ်ဦးက ဒီဗွီဘီ ကိုပြောပါတယ်။

"ရပ်ကွက်ထဲမှာကျတော့ မီးရှုးမီးပန်းမဖောက်ရဘူး။ သူတို့ ကျတော့ လုပ်ချင်တာ လုပ်မယ်ဆိုတော့သဘော ဒီလိုလုပ်ပေးတာရည်ရွယ်ချက်ရှိတယ်။ နိုင်ငံတကာကို မြန်မာပြည်မှာ အေးချမ်းနေပါပြီ ပြည်သူတွေက ပျော်နေကြတယ်ဆိုပြီး ချပြတာ။”

ဒီလိုပျော်ပွဲရွှင်ပွဲတွေမှာ စစ်ကောင်စီဘက်က အသွင်ယူပြီးဗုံးဖောက်ခွဲမှာကိုလည်း ပြည်သူတချို့က စိုးရိမ်နေကြပါတယ်။

ရန်ကုန်မြို့ခံတစ်ဦးက "ပျော်ပွဲရွှင်ပွဲတွေ လုပ်ပေး ပြီးရင် ဗုံးဖောက်  PDFတွေလုပ်တယ်ဆိုပြီး ထိုးချ တာမွေနဲ့ဒလမှာ ဖြစ်တဲ့ ဗုံးပေါက်ကွဲမှုကိုကြည့်ရင် ပြည်သူက ဘယ်သူလုပ်လဲဆိုတာ သိတယ်။ အဲဒါကြောင့် ဒီလိုညတွေမှာ ဘယ်ကိုမှ မသွားတာကောင်းတယ်"လို့ ပြောပါတယ်။

စစ်ကောင်စီအနေနဲ့  နှစ်သစ်ကူးည  Countdown Party ပွဲကို ရန်ကုန်တိုင်းအပြင် နေပြည်တော်မှာလည်း ကျင်းပဖို့ စီစဉ်နေပါတယ်။

2 days Ago

January 2, 2021

ဝူဟန်တွင် နှစ်သစ်ကူးညကို ဖျော်ဖြေပွဲများဖြင့် ကြိုဆို

ကိုဗစ်-၁၉ ကပ်ရောဂါ အစပြုခဲ့တဲ့ ဝူဟန်မြို့မှာ နှစ်သစ်ကူးညက လူပေါင်းထောင်ချီ   လမ်းပေါ်ထွက်ပြီး ဖျော်ဖြေပွဲတွေနဲ့ ၂၀၂၁ နှစ်သစ်ကို ကြိုဆိုခဲ့ပါတယ်။ ကပ်ရောဂါကြောင့် ဝူဟန်မြို့မှာ လူပေါင်းထောင်ချီ သေဆုံးပြီး ၂၀၁၉ ဇန်နဝါရီလကုန်နဲ့ ဧပြီလဆန်းပိုင်းအထိ တမြို့လုံးကို လော့ဒေါင်းချခဲ့ရပါတယ်။ ကပ်ရောဂါ ဖြစ်ပြီး တစ်နှစ်အကြာ တခြားကမ္ဘာ့နေရာတွေမှာ ကပ်ရောဂါကြောင့် လော့ဒေါင်းတွေချပြီး  နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲတွေကို ပိတ်ပင်ထားချိန်  ဝူဟန်မြို့မှာတော့ လူစုလူဝေး  ပျော်ပွဲရွှင်ပွဲတွေနဲ့ နှစ်သစ်ကူးခဲ့ကြတာပါ။  အကြောင်းကတော့ ဝူဟန်ဟာ လပေါင်းအတော်ကြာ ဗိုင်းရပ်စ်ကင်းနယ်မြေ ဖြစ်နေတဲ့အပြင် မကြာသေးခင်ရက်တွေကစပြီး ဝူဟန်လူဦးရေရဲ့ တချို့သော အုပ်စုတွေကိုလည်း ကာကွယ်ဆေး စထိုးပေးနေပါပြီ။  ဒါပေမဲ့ ပေကျင်းအပါအဝင် တခြားတရုတ်မြို့ကြီးတွေမှာ မကြာသေးခင်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အနည်းငယ် ပြန်တက်လာနေပါတယ်။ ဒါက ကပ်ရောဂါ မပြီးဆုံးသေးတာကို ဝူဟန်မြို့သူမြို့သားတွေကို သတိပေးနေတာပါ။  ဝူဟန်မြို့ခံတစ်ဦးဖြစ်တဲ့ ချောင်ယန်ကတော့ “ဒီနှစ်မှာတော့ အဲဒီလို ကပ်ဆိုးကြီး ရှိလိမ့်မယ် မထင်ဘူး” လို့ပြောကြောင်း  ရိုက်တာသတင်းမှာ  ဖော်ပြထားပါတယ်။
2 years Ago
Up