close

နှစ်သစ်ကူးပွဲ

close

February 3, 2022

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်း၏ ဇနီးနှင့် အဒေါ် နှစ်သစ်ကူးပွဲတွင် လူထုရှေ့ထွက်ပြ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ ဇနီးနဲ့ ဩဇာကြီးမားတဲ့အဒေါ်ဖြစ်သူတို့  ဖေဖော်ဝါရီ ၁ ရက်က အများပြည်သူရှေ့ ရှားရှားပါးပါး ထွက်ပြပြီး နှစ်သစ်ကူးအားလပ်ရက် ဆင်နွှဲခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံ KRT က နောက်တနေ့မှာ ထုတ်လွှင့်ပြသပါတယ်။

သမ္မတကင်၊ ဇနီး ရီဆိုဂျူးနဲ့ အဒေါ်ဖြစ်သူ ကင်ကျုံဟွီးတို့ ပြုံယမ်းမြို့တော်ရှိ အနုပညာကဇာတ်ရုံ ကပွဲမှာ အတူ တွေ့ရတာပါ။

First Lady ရီဆိုဂျူးကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၉ ရက်မှာ ကင်ဂျုံအန်းရဲ့အဘိုး တိုင်းပြည်ထူထောင်သူ ကင်အီဆွန်းရဲ့ ရုပ်အလောင်းဗိမာန်ကို ခင်ပွန်းနဲ့အတူ သွားရောက်ခဲ့စဉ်က နောက်ဆုံးမြင်တွေ့ရတာပါ။

အဒေါ်ဖြစ်သူ ကင်ကျုံဟွီးဟာ ကင်ဂျုံဟွီး အာဏာရခါစအချိန်က မြောက်ကိုရီးယားမှာ ဩဇာအရှိဆုံးသူဖြစ်ခဲ့ပြီး ၂၀၁၃ မှာ ခင်ပွန်းဖြစ်သူကို သစ္စာဖောက်စွပ်စွဲချက်နဲ့ ကွပ်မျက်ခံရပြီး နောက် အများမြင်ကွင်းနေ ပျောက်သွားပါတယ်။ 

ယခု အများရှေ့ အံ့အားသင့်ဖွယ် ပြန်ထွက်လာပေမဲ့ အိုစာသွားတဲ့ မျက်နှာက ရွှင်ပြဟန်မရှိပါဘူး။

9 mins Ago

January 1, 2021

ဆစ်ဒနီတွင် မီးရှူးမီးပန်းပစ်လွှတ်ပြီး  နှစ်သစ်ကူးပွဲကို အကျဉ်းချုံး ကျင်းပ

နှစ်စဉ်ကျင်းပနေကျ နှစ်သစ်ကူးည မီးရှူးမီးပန်းပစ်လွှတ်မှုကို  ဒီနှစ်တော့ ဩစတြေးလျနိုင်ငံ  ဆစ်ဒနီမြို့မှာ  အကျဉ်းချုံးကျင်းပခဲ့ပါတယ်။  ဆစ်ဒနီကဇာတ်ရုံထက်  ရောင်စုံမီးပန်းတွေ ပစ်လွှတ်ခဲ့ပေမဲ့ ဆစ်ဒနီဆိပ်ကမ်းကတော့ လူသူကင်းမဲ့လို့ နေပါတယ်။  ကိုရိုနာဗိုင်းရပ်စ် မပျံ့စေဖို့ ဆစ်ဒနီမြို့ဝန်းကျင်မှာ ဆိုင်ထိုင်စားသောက်တာတွေနဲ့ ဟိုတယ် တည်းခိုဖို့ စာရင်းပေးတာတွေကို ကန့်သတ်ထားပါတယ်။  ဇန်နဝါရီ ၁ ရက်  နှစ်သစ်ကူး အကျဉ်းချုံး မီးရှူးမီးပန်း ပစ်ဖောက်မှုကို ဆစ်ဒနီ ဆိပ်ကမ်းက ဖောင်တွေ၊  အထင်ကရ ဆစ်ဒနီကဇာတ်ရုံနဲ့ ဆစ်ဒနီဆိပ်ကမ်းကနေ ပစ်လွှတ်ခဲ့တာပါ။  ဆစ်ဒနီဆိပ်ကမ်းတံတားဟာ မီးရှူးမီးပန်း ပစ်လွှတ်တဲ့ အဓိကနေရာဖြစ်ပြီး  ပစ်လွှတ်ချိန်ကို ၇ မိနစ်အထိ လျှော့ချခဲ့ပေမဲ့  ဆစ်ဒနီဟာ အစဉ်အလာအတိုင်း မီးရှူးမီးပန်းတွေ ပစ်လွှတ်ခဲ့ပါတယ်။ 
1 year Ago
Up