close

နှစ်၂ဝ

close

January 23, 2023

လွန်ခဲ့တဲ့ နှစ်၂ဝက အာဆင်နယ်ကိုပြန်မြင်ရဟု ဂယ်ရီနဗီးလ်သုံးသပ်

မန်ယူအသင်းနဲ့ပွဲစဉ်မှာ အာဆင်နယ်အသင်းရဲ့ခြေစွမ်းက လွန်ခဲ့တဲ့နှစ် ၂ဝ က လိုခြေစွမ်းမျိုး ပြန် လည်မြင်တွေ့ခဲ့ရကြောင်း နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်ကပြောပါတယ်။

အင်္ဂလန်နဲ့ မန်ယူကစားသမားဟောင်းဟာ အာဆင်နယ်အသင်း ချန်ပီယံမဖြစ်နိုင်ဘဲ မန်စီးတီးနဲ့ မန်ယူအသင်းတွေရဲ့ အောက်အဆင့် ၃ သာရရှိနိုင်ကြောင်း ဒီပွဲမတိုင်ခင်က ဝေဖန်ထားတာပါ။ 

မန်ယူအသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရတဲ့ပွဲ အပြီးမှာတော့ အာဆင်နယ်ရဲ့ခြေစွမ်းကို နဗီးလ်ကချီးကျူးခဲ့ပြီး လွန်ခဲ့တဲ့နှစ် ၂၀ ကလို ခြေစွမ်းပြန်မြင်ရတယ်လို့ စကိုင်းစပေါ့ရဲ့ ပို့စ်ကတ်အစီအစဉ်မှာပြောခဲ့တာပါ။

“နောက်ဆုံးတစ်နာရီလောက်အထိ အာဆင်နယ်က ပိုပြီးအရည်အသွေးရှိခဲ့တယ်လို့ ခံစားရပြီး အတော်ချီးကျူးစရာကောင်းခဲ့တယ်။ လွန်ခဲ့တဲ့ နှစ် ၂ဝ က အာဆင်နယ်အသင်းကို ပြန်မြင်ရသလိုခံစားမိတယ်”လို့ နဗီးလ်က ပြောပါတယ်။

အာဆင်နယ်အသင်းဟာ တိုက်စစ်ကိုပဲ မြှင့်တင်ကစားခဲ့ပြီး နောက်ခံလူတွေအတွက် ဘေးကျပ်နံကျပ်ဖြစ်စေအောင် ကစားခဲ့ကြောင်း၊အဲဒီလိုကစားပုံဟာ လွန်ခဲ့တဲ့ နှစ် ၂ဝ က အာဆင်နယ်အသင်းနဲ့ပွဲစဉ်မှာ ကစားခဲ့ဖူးကြောင်း နဗီးလ်က နှိုင်းယှဉ်ချီးကျူးသွားခဲ့ပါတယ်။ 

15 mins Ago
Up