close

ပခုက္ကူမြို့နယ် တိုက်ပွဲ

close

March 22, 2022

ပခုက္ကူမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၆ ဦးသေဆုံး

မကွေးတိုင်း ပခုက္ကူမြို့နယ်မှာ မတ် ၂၁ ရက်နေ့နေ့လယ်ပိုင်းက တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၆ ယောက်သေဆုံးခဲ့တယ်လို့ ပခုက္ကူ PDF အဖွဲ့က သိရပါတယ်။

ပခုက္ကူမြို့နယ် ဂဝံလေးတိုင် ကျေးရွာစာသင်ကြောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား ၃၀ လောက်ကို မနေ့ နေ့လယ်ပိုင်းမှာ ဒေသကာကွယ်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တာလို့ ပခုက္ကူ PDF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“PPDF၊MC/KC-DF၊King Fighter နဲ့ ပေါက်မဟာမိတ်တပ်ဖွဲတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဘက် တိုက်ပွဲဖြစ်ပွားချိန် ၁ နာရီလောက်ကြာတယ်ဗျ။ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ရမ်းပစ်လို့ ကျနော်တို့ဘက်က ရဲဘော် ၁ ယောက် ဒဏ်ရာနည်းနည်းရသွားတယ်။”

ဒါ့အပြင် တိုက်ပွဲဖြစ်တဲ့နေရာကို စစ်ကူပေးဖို့လာတဲ့ စစ်ကောင်စီကား ၁ စီးကိုလည်း ဆီကောင်း-ဂဝံလေးတိုင် လမ်းတနေရာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူရှိနိုင်တယ်လို့ ပြောပါတယ်။

ပခုက္ကူမြို့ခံတယောက်က “ပခုက္ကူမြို့ပေါ်မှာတော့ မကြာခဏ ဗုံးပေါက်ကွဲတာတွေရှိသလို စစ်ကောင်စီတပ်တွေနဲ့ ရဲတွေက မြိုဝင်မြို့ထွက်ဂိတ်တွေနဲ့ အချက်ချာကျတဲ့ နေရာတွေမှာ တင်းတင်းကြပ်ကြပ်စစ်ဆေးနေတယ်ဗျ။ ရပ်ကွက်ထဲက အပြစ်မဲ့ ပြည်သူတွေကိုလည်း အကြောင်းအမျိုးမျိုးပြပြီး ဆက်တိုက် ဖမ်းဆီးတာတွေ လုပ်နေကြတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီဘက်‌ေ အစစ်ဆေးတွေကြမ်းနေသလို ရပ်ကွက်ထဲက ပြည်သူတွေ ဖမ်းဆီးခံနေရတာတွေကြောင့် မိဘပြည်သူတွေအနေနဲ့ အထူးဂရုစိုက်သွားလာကြဖို့နဲ့ စစ်အုပ်စု ယန္တရားနဲ့ ဆက်နွှယ်တဲ့ နေရာတွေကို ရှောင်ရှားကြဖို့လည်း သတိပေးထားပါတယ်။

နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

1 min Ago
Up