close

ပခုက္ကူ မြန်မာ့စီးပွားရေးဘဏ်

close

May 20, 2022

ပခုက္ကူ မြန်မာ့စီးပွားရေးဘဏ် လုံခြုံရေးယူထားသည့်တပ်ဖွဲ့ ပစ်ခတ်ခံရ၊ ၁ ဦး သေဆုံး

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ လွတ်လပ်ရေးပန်းခြံအနီး၊ အရှေ့စျေးနားမှာရှိတဲ့ မြန်မာ့စီးပွားရေးဘဏ် လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မေလ ၂၀ ရက်နေ့ညနေ ၃ နာရီလောက်မှာ အမည်မသိလက်နက်ကိုင်လူတစုက လာရောက်ပစ်ခတ်သွားတာကြောင့် ၁ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စောင့်နေတာတော့ ၄ ယောက်လောက်ရှိတယ်၊ ဆိုင်ကယ်နဲ့ ဝင်ပစ်သွားတယ်လို့ သိရတယ်။ သူတို့ပစ်ခံရပြီးတော့ သေနတ်နဲ့ရမ်းဖောက်တယ်၊ စျေးဘက်ကို ပြေးသွားတယ်ထင်ပြီး စျေးဘက်ထဲကို လိုက်ပစ်တယ်၊ စျေးဆိုင်တွေကို လိုက်ပိတ်ခိုင်းတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား သန်းစိုး သေဆုံးသွားပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပေမယ့် ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

အဆိုပါပစ်ခတ်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာကိုတော့ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။ 

ပစ်ခတ်မှုဖြစ်စဥ်ဖြစ်ပွားပြီးနောက် ပေါက်လမ်းနဲ့ ထင်းတန်းလမ်းမှာ စစ်ကောင်စီတပ်သားတွေနဲ့  ​ပျူစောထီးတွေရောက်လာပြီး အစစ်အဆေးတင်းကျပ်နေကာ ဧရာဝတီတံတားကိုလည်း ပိတ်ချလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

2 mins Ago
Up