close

ပခုက္ကူ မြို့ရှောင်လမ်း

close

April 13, 2022

ပခုက္ကူမြို့ရှောင်လမ်းတွင် မပေါက်ကွဲသေးသည့် ဗုံးတွေ့

မကွေးတိုင်း ပခုက္ကူမြို့ မြို့ရှောင်လမ်းပေါ်မှာ ဧပြီ ၁၂ ရက်နေ့ နေ့ခင်းပိုင်းက မပေါက်ကွဲသေးတဲ့ ဗုံးတွေ့ခဲ့ပြီးနောက် စစ်ကောင်စီ တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး ရေလောင်းကာ သိမ်းဆည်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဗုံးကတော့ မပေါက်သွားဘူး။ ရဲတွေရောက်လာတဲ့အချိန် အနီးအနားမှာလည်း စျေးသည်တွေ လမ်းသွားလမ်းလာတွေနဲ့ ရှုပ်နေလို့ သူတို့ကိုငဲ့ပြီး မဖောက်ခွဲလိုက်တာထင်တယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ဗုံးတွေ့ရှိတဲ့ အနီးအနားက  လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်က သေနတ်နဲ့လိုက်လံ ပစ်ခတ်ဖမ်းဆီးခဲ့ပေမဲ့ မမိခဲ့ဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

“သေနတ်နဲ့ ၁၃ ချက်လောက်ပစ်တယ်၊ လိုက်ဖမ်းတယ်၊ မမိသွားဘူး။” 

မပေါက်ကွဲသေးတဲ့ ဗုံးတွေ့ရှိပြီးနောက် စစ်ကောင်စီတပ်တွေက မြို့သစ်ထဲမှာ ပတ်ကင်းတွေ ချထားပြီး ရေစကြိုလမ်းပိုင်းမှာလည်း စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဧပြီ ၁၂ ရက်နေ့ မနက်ပိုင်းကလည်း ပခုက္ကူမြို့ အမှတ် ၁၁၊ ၁၈ လမ်းမှာရှိတဲ့ နေအိမ်မှာ အိမ်ငှားနေထိုင်နေတဲ့ အမျိုးသား ၅ ဦးကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားသလို ဧပြီ ၁၀ ရက်နေ့ကလည်း ပြည်သူ ၁၀ ဦးလောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပါတယ်။

1 min Ago
Up