close

ပခုက္ကူ ရေလယ်ကျောက်ဆောင်

close

September 2, 2021

ပခုက္ကူ ရေလယ်ကျောက်ဆောင်၌ ပိတ်မိနေသည့် ကလေး ၂ ဦးကို ကယ်ဆယ်နိုင်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် အမှတ် ၃ ရပ်ကွက်သစ်နေ ကလေးငယ် ၂ ဦးဟာ စက်တင်ဘာ ၂ ရက်  ဒီနေ့ မနက်ပိုင်းက ရွှေချောင်းချောင်းအလယ်ရှိ ကျောက်ဆောင်ပေါ်မှာ ပိတ်မိနေတယ်လို့ ကယ်ဆယ်ခဲ့ရတယ်လို့ ပခုက္ကူမြို့နယ်မီးသတ်ဦးစီးဌာနက သိရပါတယ်။

အဲဒီကလေး နှစ်ယောက်ဟာ  ရွှေချောင်းချောင်းမှ တဘက်ကမ်းသို့ သွားရောက်နေစဉ် ချောင်းရေ ကျဆင်းလာမျောသွားပြီး  ပြန်မကူးနိုင်ဘဲ ကျောက်ဆောင်ပေါ်မှာ ပိတ်မိနေတာပါ။

ပခုက္ကူခရိုင်နဲ့ မြို့နယ်မီးသတ်တပ်ဖွဲ့က သွားရောက်ကယ်ဆယ်ခဲ့ရာ မနက် ၁၁ နာရီ မိနစ် ၅၀ မှာ  ကလေးငယ်နှစ်ဦးကို အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

9 mins Ago
Up