လုပ်ခလစာနဲ့ ပင်စင်လစာတွေ တိုးမြှင့်ပေးမယ်လို့ ဂရိနိုင်ငံ သယ်ဆာလိုနစ်ကီမြို့မှာကျင်းပတဲ့ ကုန်စည်ပြပွဲမှာ ဂရိဝန်ကြီးချုပ်က ကြေညာပါတယ်။
ဒါ့အပြင် ခက်ခဲတဲ့ဆောင်းရာသီအတွက် ကြိုတင်ပြင်ဆင်ဖို့လည်း ဂရိဝန်ကြီးချုပ် ကီရီယာကို့စ် မစ်ဆိုတာကိစ်က ပြောလိုက်ပါတယ်။
ဆယ်စုနှစ်တခုကျော် ငွေကြေးအကျပ်အတည်း ဖြစ်ပြီးတဲ့နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပင်စင်လစာ တိုးပေးမယ့်အပြင် လာမယ့်နှစ်မှာ အနိမ့်ဆုံးလုပ်ခကို တိုးမြှင့်ပေးမယ်လို့ သူက ဆက်ပြောပါတယ်။
ဂရိနိုင်ငံမှာ အနိမ့်ဆုံး လုပ်ခလစာ တိုးပေးတာဟာ ဇန်နဝါရီ ၂၀၂၂ နောက်ပိုင်းမှာ တတိယမြောက် တိုးမြှင့်ပေးတာပါ။
အိမ်ထောင်စု ၁ ဒသမ ၃ သန်းဟာ ဆောင်းရာသီမှာ အပူပေးဖို့ ငွေကြေးအကူအညီတွေ ရမှာဖြစ်ပြီး ဓာတ်ငွေ့ ဒါမှမဟုတ် လျှပ်စစ်အစား အပူပေးဖို့ ဆီ ဒါမှမဟုတ် တခြားလောင်စာတွေကို ရွေးချယ်သူတွေဟာ အကျိုးကျေးဇူးနှစ်ဆ တိုးလာမယ်လို့ သူက ပြောပါတယ်။
ငွေကြေးဖောင်းပွမှု ၁၁ ဒသမ ၄ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့လို့ အိမ်ထောင်စုတွေအတွက် မနှစ်ကတည်းက လျှပ်စစ်ဓာတ်အား ကုန်ကျစရိတ် ထောက်ပံ့ရာမှာ ဂရိအစိုးရဟာ ယူရိုငွေ ၈ ဘီလီယံကျော် သုံးစွဲခဲ့ပါတယ်။
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့က မြန်မာ့စီးပွားရေးဘဏ်မှာ ပင်စင်စားဝန်ထမ်းတွေ ပင်စင်လစာထုတ်ယူရာမှာ အစောင့်စစ်သားတွေက လာဘ်ငွေယူနေတယ်လို့ ပင်စင်စားဝန်ထမ်းတွေဆီက သိရပါတယ်။
ပင်စင်စားတဦးက ''ပင်စင်ထုတ်ဖို့ မနက်အစောကြီးထသွားပြီး တုံကင်ထပ်ရတယ်။ တုံကင်ကို စောစောထပ်ချင်ရင် အစောင့်စစ်သားကို ကျပ် ၂၀၀၀၊ ၃၀၀၀ ပေးရတယ်။ မပေးရင် နောက်ကျမှထပ်ရတယ်။ လူပြည့်သွားရင် နောက်ရက်ထပ်ချိန်းတယ်။ အဘတို့က အသက်လည်းကြီးပြီ။ ရွာကနေဆိုင်ကယ်ကယ်ရီငှားပြီး ပင်စင်လာထုတ်ရဆိုတော့ နောက်ရက်ပြန်မလာနိုင်ဘူးဆိုတော့လည်း စောစောထုတ်ရဖို့ ငွေပေးခဲ့ရတာပဲ။ ပင်စင်ကလည်း သောင်းဂဏန်းပဲရတာလေ'' လို့ ပြောပြပါတယ်။
တောင်တွင်းကြီး စီးပွားရေးဘဏ်ကနေ ပင်စင်စားတွေကို လစဉ် ၂၁ ရက်နေ့မှ ဇူလိုင် ၂၇ ရက်နေ့အထိ ပင်စင်လစာထုတ်ပေးပြီး တနေ့ကို ပင်စင်စား ၅၀၀ ကျော်ထုတ်ပေးကြောင်း သိရပါတယ်။
''မြို့မှာက မာရှယ်လောကြောင့် မနက် ၆ နာရီ ပင်စင်ထုတ်ဖို့ တုံကင်သွားထပ်တော့ တုံကင်နံပါတ် ၆၀၀ ကျော် ရှိနေပြီ တမနက်လုံးစောင့်နေရတာပေါ့။ နေမြင့်မှရောက်လာသူတွေက စစ်သားကို ပိုက်ဆံပေးပြီး တုံကင်ထပ်ခိုင်းတော့ စောင့်စရာမလိုဘူး။ ကျနော့်ထက် တောင် စောပြီးထုတ်သွားတယ်။ အခု စစ်သားလုပ်နေတဲ့ကောင်တွေက စစ်ပင်စင်စားတွေကို လေးစားရမှန်း၊ ရိုသေရမှန်းလည်း မသိကြပါဘူး'' လို့ မြို့ပေါ်မှာနေတဲ့ ပင်စင်စားစစ်မှုထမ်းဟောင်းတဦးက ပြောပြပါတယ်။
အဆိုပါဖြစ်စဉ်တွေနဲ့ပတ်သက်လို့သိရှိနိုင်ဖို့ တောင်တွင်းကြီးမြို့၊ မြန်မာ့စီးပွားရေးဘဏ်ကို ဖုန်းဆက်မေးမြန်းခဲ့ပေမယ့်လည်း ''အဲ့ဒိကိစ္စ သူမသိဘူးလို့'' ပြန်လည်ဖြေကြားပါတယ်။
တောင်တွင်းကြီးမြို့၊ မြန်မာ့စီးပွားရေးဘဏ်ကို ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့မှာ ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော်က လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး အစောင့်စစ်သားအချို့ ဒဏ်ရာရရှိခဲ့ကာ နားနေဆောင်အဆောက်အအုံ အနည်းငယ် ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့က မြန်မာ့စီးပွားရေးဘဏ်မှာ ပင်စင်စားဝန်ထမ်းတွေ ပင်စင်လစာထုတ်ယူရာမှာ အစောင့်စစ်သားတွေကို လာဘ်ငွေပေးနေရတယ်လို့ သိရပါတယ်။
ပင်စင်စားတဦးက “ပင်စစ်ထုတ်ဖို့ မနက်အစောကြီးထသွားပြီး တုံကင်ထပ်ရတယ်။ တုံကင်ကို စောစောထပ်ချင်ရင် အစောင့်စစ်သားကို ၂၀၀၀၊ ၃၀၀၀ ပေးရတယ်။ မပေးရင် နောက်ကျမှထပ်ရတယ်။ လူပြည့်သွားရင် နောက်ရက်ထပ်ချိန်းတယ်။ အဘတို့က အသက်လည်းကြီးပြီ။ ရွာကနေ ဆိုင်ကယ်ကယ်ရီငှါးပြီး ပင်စင်လာထုတ်ရဆိုတော့ နောက်ရက်ပြန်မလာနိုင်ဘူးဆိုတော့လည်း စောစောထုတ်ရဖို့ ငွေပေးခဲ့ရတာပဲ။ ပင်စင်ကလည်း သောင်းဂဏန်းပဲရတာလေ” လို့ ပြောပါတယ်။
တောင်တွင်းကြီး စီးပွားရေးဘဏ်ကနေ ပင်စင်စားတွေကို လစဉ် ၂၁ ရက်နေ့မှ ဇူလိုင် ၂၇ ရက်နေ့အထိ ပင်စင်လစာထုတ်ပေးပြီး တနေ့ကို ပင်စင်စား ၅၀၀ ကျော်ထုတ်ပေးကြောင်း သိရပါတယ်။
မြို့ပေါ်နေ ပင်စင်စားစစ်မှုထမ်းဟောင်းတဦးက “မြို့မှာက မာရှယ်လောကြောင့် မနက် ၆ နာရီ ပင်စင်ထုတ်ဖို့ တုံကင်သွားထပ်တော့ တုံကင်နံပါတ် ၆၀၀ ကျော် ရှိနေပြီ တမနက်လုံးစောင့်နေရတာပေါ့။ နေမြင့်မှရောက်လာသူတွေက စစ်သားကို ပိုက်ဆံပေးပြီး တုံကင်ထပ်ခိုင်းတော့ စောင့်စရာမလိုဘူး။ ကျနော့်ထက်တောင် စောပြီးထုတ်သွားတယ်။ အခု စစ်သားလုပ်နေတဲ့ကောင်တွေက စစ်ပင်စင်စားတွေကို လေးစားရမှန်း၊ ရိုသေရမှန်းလည်း မသိကြပါဘူး” လို့ ပြောပါတယ်။
အဆိုပါဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ သိရှိနိုင်ဖို့ တောင်တွင်းကြီးမြို့၊ မြန်မာ့စီးပွားရေးဘဏ်ကို ဖုန်းဆက်မေးမြန်းခဲ့ပေမယ့်လည်း “အဲ့ဒီကိစ္စ သူမသိဘူး” လို့ ပြန်လည်ဖြေကြားပါတယ်။
တောင်တွင်းကြီးမြို့၊ မြန်မာ့စီးပွားရေးဘဏ်ကို ပြီးခဲ့တဲ့ မေ ၂၃ ရက်နေ့မှာ ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော်က လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အစောင့်စစ်သားအချို့ ဒဏ်ရာရရှိခဲ့ကာ နားနေဆောင်အဆောက်အဦ အနည်းငယ်ထိခိုက်ပျက်စီးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။