close

ပင်စိမ်းခင်းရွာသား

close

November 7, 2021

ရေဦးမြို့နယ်ရှိ ဖမ်းဆီးခံ ပင်စိမ်းခင်းရွာသား ၃ ဦးနှင့် တွေ့ခွင့်မရသဖြင့် မိသားစုစိုးရိမ်

နိုဝင်ဘာလ ၅ ရက် မနက် ၄ နာရီလောက်က စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ပင်စိမ်းခင်းရွာသား ၃ ဦးကို တွေ့ခွင့်မရသေးတာကြောင့် မိသားစုတွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

“အောင်သာယာရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက လာဖမ်းသွားတာ ရေဦးမြို့မ ရဲစခန်းကို နေ့ချင်းပို့လိုက်ကြတယ်။ သူတို့ကို ဖမ်းခေါ်သွားတဲ့ ကားတောင် မုံတိုင်ပင်ရွာအနီးက တူးမြောင်းဘောင်ပေါ်မှာ မိုင်းခွဲခံလိုက်ရသေးတယ်၊ မိသားစုတွေက တွေ့ခွင့်တောင်းတာ တွေ့ခွင့်မရကြလို့ စိုးရိမ်နေကြတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

ဖမ်းဆီးခံရသူတွေဟာ ဦးမြင့်ဇော်  (၄၀-နှစ်)၊ ဦးဖိုးပိန် (၄၅-နှစ်)နဲ့ ဦးမိုးမင်း (၂၈-နှစ်)တို့ ဖြစ်ပြီး ဖုန်း ၅ လုံးပါ သိမ်းဆည်းယူဆောင်သွားပြီး၊ ဖုန်း  ၃  လုံးကိုတော့ ပြန်ပေးထားခဲ့တယ်လို့ သိရပါတယ်။ 

ရေဦးမြို့နယ်မှာ နိုဝင်ဘာ ၄ ရက်နေ့ကလည်း တင်းတိန်ယံ အုပ်စုအတွင်းက လူငယ် ၉ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

3 mins Ago
Up