close

ပင်နယ်တီလွဲခဲ့သူ

close

September 5, 2021

အန်ဒိုရာနှင့်ပွဲတွင် ယူရိုဗိုလ်လုပွဲ ပင်နယ်တီလွဲခဲ့သူများကိုအားပေးရန် အင်္ဂလန်ပရိသတ်များ စီစဉ်

အင်္ဂလန်အသင်း ပရိသတ်တွေဟာ ပြီးခဲ့တဲ့ ယူရိုဗိုလ်လုပွဲမှာ ပင်နယ်တီလွဲချော်ခဲ့ကြသူတွေအတွက် ပိုစတာတွေကိုင်ဆောင်ပြီး အားပေးဖို့ စီစဉ်နေကြပါတယ်။ 

အင်္ဂလန်အသင်းဟာ အီတလီနဲ့ ပင်နယ်တီ အဆုံးအဖြတ်ပွဲစဉ်မှာရူံးနိမ့်ခဲ့ပြီး မန်ယူနိုက်တက်က ရက်ရှ်ဖို့ဒ်၊ ဆန်ချိုနဲ့ အာဆင်နယ်က ဘူကာယို ဆာကာတို့က ပင်နယ်တီလွဲချော်ခဲ့ကြတာဖြစ်ပါတယ်။ \

ပွဲအပြီးမှာ အဲဒီကစားသမား ၃ ဦးကို ပစ်မှတ်ထား လှောင်ပြောင်ခဲ့ကြပြီး လူမျိုးရေးခွဲခြားမှုတွေပါ လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ 

အဲဒီကစားသမား ၃ ဦးကို စိတ်ဓာတ်မြင့်တက်စေဖို့အတွက် အန်ဒိုရာနဲ့  ဝင်ဘလေကွင်းမှာ ကစားမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်မှာ အားပေးတဲ့ စာသားတွေပါ ပိုစတာတွေကိုင်ဆောင်ပြီး ပြသဖို့ အင်္ဂလန်ပရိသတ်တွေက စီစဉ်ထားတာပါ။ 

အင်္ဂလန်ပရိသတ်တွေဟာ အာဆင်နယ်ကစားသမား ဆာကာ အသင်းနဲ့ပြန်လည်ပူးပေါင်းချိန်မှာ အားပေးစကားတွေရေးပြီး အသင်းလေ့ကျင့်ရေးကွင်းလာကပ်ခဲ့သလို အင်္ဂလန်အသင်းရဲ့ ပထမဆုံးလေ့ကျင့်ရေးကွင်းမှာလည်း အလားတူလုပ်ဆောင်ခဲ့ပါသေးတယ်။ 

အင်္ဂလန်အသင်းဟာ ဟန်ဂေရီကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီးနောက် ဒီကနေ့ည ၁ဝ နာရီခွဲ ကစားမယ့် အန်ဒိုရာနဲ့ အိမ်ကွင်းပွဲမှာ အရန်ကစားသမားအများစုနဲ့ ပွဲထုတ်သွားမှာဖြစ်ပါတယ်။ 

12 mins Ago
Up