close

ပင်လည်ဘူး

close

October 7, 2022

ပင်လည်ဘူးမြို့နယ်က စစ်ဘေးရှောင်များ ဆေးဝါးနှင့် အမိုးအကာလိုအပ်

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ပင်လည်ဘူးမြို့နယ်အတွင်းက စစ်ဘေးရှောင်တွေအတွက် ဆေးဝါးနဲ့ အမိုးအကာတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ဘေးရှောင်သူတွေဟာ စက်တင်ဘာ ၂၆ ရက်ကစပြီး စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် အခုလို စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။

ပင်လည်ဘူးဒေသခံတယောက်က “အိမ်မပြန်ရဲဘဲ စစ်ဘေးရှောင်နေရတာ ဒီနေ့အထိ ၁၀ ရက် ရှိနေပြီ။ မိုးကလည်း မပြတ်ရွာနေတော့ အတော်လေး ဒုက္ခရောက်တယ်။ အဓိကတော့ ဆေးဝါးနဲ့ အမိုးအကာတွေ အရေးပေါ်လိုအပ်နေတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က လေကြောင်းအသုံးပြု တိုက်ခိုက်တာတွေပါ ပြုလုပ်နေတယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တွေက ပြောပါတယ်။

ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဆရာဇီးကွက်က “တိုက်ပွဲတွေက စက်တင်ဘာ ၂၆ ရက်ကနေ အောက်တိုဘာ ၆ ရက်အထိ နေ့တိုင်းဖြစ်နေတယ်။ ပထမ တိုက်ပွဲစတာက ရွာရှည်ရွာ၊ တနင်ကုန်းရွာ၊ အင်ကျောင်းကုန်းရွာအနီးမှာ ‌၄ ရက်လောက် တိုက်ပွဲဖြစ်တယ်။ ဒုတိယ သီးကုန်းရွာ၊ ပလူသာရွာ၊ ပန်းကြီးရွာ၊ မြောက်လေးကုန်းရွာ၊ ပတဲကုန်းရွာ၊ အင်ကြင်းသာရွာတွေ အနီးမှာတော့ ၆ ရက်လောက်ကြာ တိုက်ပွဲဖြစ်ပွားတယ်။ ဒေသခံ ရွာတွေကတော့ အကုန် ထွက်ပြေးနေရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲပြင်းထန်ပြီး ပြည်သူ့ကာကွယ်ရေးဘက်က ၂ ယောက် ကျဆုံးခဲ့ရပြီး တယောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပြီး ငြိမ်းချမ်းရေးရွာက အရှေ့ကျောင်းဆရာတော်ကိုလည်း စစ်ကောင်စီက ပစ်သတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

6 mins Ago

July 11, 2021

ပင်လည်ဘူးမြို့အနီး မြေငလျင်လှုပ်

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့အနီးမှာ ဇူလိုင် ၁၀  ရက်ညပိုင်းက ပြင်းအား ရစ်(ခ်)တာစကေး ၃ ဒသမ ၉ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ 

မနေ့ည မြန်မာစံတော်ချိန် ၇ နာရီ၊ ၁၉  မိနစ်၊  ၃၁  စက္ကန့် အချိန်က တမူးမြေငလျင်စခန်းမှ အရှေ့တောင်ဘက် ၅၇ မိုင်ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံ ပြည်တွင်း ပင်လည်ဘူးမြို့ရဲ့ အနောက်တောင်ဘက်  ၂၄ မိုင်ခန့်အကွာ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင်တစ်ခု လှုပ်ရှားသွားတာလို့ ဆိုပါတယ်။

ဇူလိုင် ၉ ရက်  ဒီနေ့မနက်ကလည်း  စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့အနီးမှာ  အင်အား ရစ်(ခ်)တာစကေး ၄ ဒသမ၃ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားပါတယ်။ အဆိုပါ ငလျင်တွေကြောင့် လူတွေနဲ့ အဆောက်အဦတွေ  ထိခိုက်ပျက်စီးမှု သတင်းတွေကတော့ မကြားသိရပါဘူး။

1 year Ago
Up