close

ပင်လယ်ဘူးဒေသခံ

close

February 25, 2022

စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည်စ ထိမှန်သဖြင့် ပင်လယ်ဘူးဒေသခံ ၁ ဦး သေဆုံး

စစ်ကိုင်းတိုင်း ကောလင်းခရိုင် ပင်လည်ဘူးမြို့နယ် ဆိုင်ယာကြီး‌ကျေးရွာထဲကို စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အသက် ၄၀ အရွယ် အမျိုးသားတစ်ယောက်  ကျည်စထိမှန်ပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဖေဖဝါရီ ၂၃ ရက်နေ့ ညဦးပိုင်းလောက်က ကျေးရွာအတွင်းကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး အိမ်စောင့်ထားခဲ့တဲ့ အမျိုးသားတစ်ဦး သေဆုံးခဲ့တာလို့ ဆိုပါတယ်။ 

သေဆုံးခဲ့သူဟာ သာမန်အရပ်သားဖြစ်ပြီး နိုင်ငံရေးမှာ ပါဝင်ပတ်သက်တာမျိုးမရှိဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။ 

လက်ရှိမှာတော့ စစ်ကောင်စီက ကောလင်းခရိုင်ထဲမှာ ထိုးစစ်ဆင်နေသလို ပင်လည်ဘူးမြို့နယ်အတွင်းမှာလည်း  ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

1 min Ago
Up