မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်ရှိ ကျိုက်နဲရေလယ်ဘုရားပွဲ နတ်လမ်းမှာ နိုဝင်ဘာ ၂၁ ရက် မနက် ၇ နာရီလောက်က ပင်လယ်ရေနဲ့ မျောပါသွားတဲ့ ၁၄ ဦးအလောင်း ဆယ်ယူရရှိပြီလို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
ကျိုက်နဲရေလယ်ဘုရားပွဲ နတ်လမ်းပေါ်တဲ့ ဒီနေ့မှာ လာရောက်ဘုရားဖူးသူ အလွန်များပြားကြောင်း၊ ပင်လယ်ရေနဲ့ မျောပါသွားတဲ့ ပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေနေတယ်လို့ သိရပါတယ်။
ရေနစ်သေဆုံးသူတွေထဲမှာ သံဃာတော် ၁ ပါးအပါအဝင် အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတွေလည်း ပါဝင်ပြီး အလောင်းတွေကို ကျုံကဒတ်မှ သံဖြူဇရပ်ဆေးရုံကို ကယ်ဆယ်ရေးသမားတွေက ပို့ဆောင်ပေးထားပါတယ်။
ဒါအပြင် ရေနစ်သေဆုံးတဲ့ ရုပ်အလောင်းတွေကို ဒေသခံတွေနဲ့ ကယ်ဆယ်ရေးတွေ ပူးပေါင်းရှာဖွေ ဆယ်ယူနေပြီး ရေနစ်သေဆုံးသူတွေနဲ့ပျောက်ဆုံးနေသူတွေ ဘယ်သူဆိုတာတော့ မသိရသေးဘဲ ဒီဗွီဘီက စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါတယ်။