close

ပင်လုံကတိကဝ် အရင်းတည် ဖက်ဒရယ်ပြည်ထောင်စုသို့ ရဲရဲချီ

close

February 9, 2022

“ပင်လုံကတိကဝတ် အရင်းတည် ဖယ်ဒရယ်ပြည်ထောင်စုသို့ရဲရဲချီ” - လက်ပံတောင်းသပိတ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် လက်ပံ​တောင်း​ဒေသမှာရှိတဲ့ ရွာငယ်တွေ စုပေါင်းပြီး “ပင်လုံကတိကဝတ် အရင်းတည် ဖယ်ဒရယ်ပြည်ထောင်စုသို့ရဲရဲချီ” စာသား ကိုင်ဆွဲပြီး ကျေးရွာအတွင်းလှည့်လည်ကာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

အဆိုပါဆန္ဒထုတ်ဖော်ပွဲကို ဖေဖော်ဝါရီ ၈ ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့ကြတာဖြစ်ပြီး မုံရွာကျောင်းသားများသမဂ္ဂက ပင်မသပိတ်နဲ့ ဒေသခံကျေးရွာတွေ ပူး​ပေါင်းပြီး စစ်အာဏာရှင်စနစ်ကို သပိတ်မှောက်ဆန္ဒထုတ်ဖော်ခဲ့ကြတာလည်းဖြစ်ပါတယ်။

အခုလို ဆန္ဒထုတ်ဖော်ခဲ့တာနဲ့ပတ်သက်လို့ ပြည်သူတွေလိုလား တောင့်တတဲ့ ငြိမ်းချမ်းတဲ့ လွတ်လပ်မှုကို အာမခံပေးနိုင်ပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ကိုယ့်ကံကြမ္မာကို ဖန်တီးခွင့်အပြည့်အဝရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်နိုင်ရေးအတွက် အခုလိုဆန္ဒထုတ် ဖော်ခဲ့တာဖြစ်တယ်လို့ ဦးဆောင်သူက ပြောပါတယ်။

ရှေ့ဆက်ပြီး ဖက်ဒရယ်ပြည်​တော်သစ်တည်​ဆောက်​ရေးနဲ့ စစ်အာဏာရှင် အမြစ်ဖြတ်​ချေမှုန်း​ရေးစတဲ့ လုပ်ငန်းတွေကိုလည်း အရှိန်အဟုန်မြှင့် ​ဆောင်ရွက်သွားမယ်လို့ ဉီးဆောင်သူတွေက ဆိုပါတယ်။

၁၉၄၇ ခုနှစ် ​ဖေ​ဖော်ဝါရီ ၁၂ ရက်​​နေ့က ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်ပါ ကတိကဝတ်ပြုချက်တွေကို အ​ခြေခံပြီး ဖယ်ဒရယ်ပြည်​ထောင်စု တည်​ဆောက်နိုင်​ရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း - EG (B4-13)

2 mins Ago
Up