close

ပင်လောင်းမြို့

close

April 12, 2022

ပင်လောင်းမြို့နယ်တိုက်ပွဲ၌ စစ်ကောင်စီတပ်သား ၅ ဦးသေပြီး လက်နက်ခဲယမ်း သိမ်းဆည်းရမိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ တောင်မဲသင်းကျေးရွာရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဧပြီ ၅ ရက်မှာ  ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၃ က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိကြောင်း KNDF တပ်ရင်း ၃ က ထုတ်ပြန်ပါတယ်။

အဆိုပါ  တောင်မဲသင်းဂိတ်ဟာ  ဖြတ်သန်းသွားလာနေတဲ့ ပြည်သူတွေကို စစ်ဆေး ငွေညှစ်တာ၊ ထိုင်ထလုပ်ခိုင်တာနဲ့ CDM တွေကို တွေ့ရှိပါက ကြုံသလို ဖမ်းဆီးနေတဲ့အတွက်  KNDF/B-03 ရဲဘော်တွေက အလစ်ဝင်တိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒီလိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သာ ၅ ဦး သေဆုံးပြီး သေနတ် ၄ လက်၊ ကျည်ဘောက် ၁၀ ခု၊ ၄၀-မမ တွေ၊ ကျည်ဆန်တချို့နဲ့ စစ်အသုံးအဆောင် တချို့သိမ်းဆည်းရမိခဲ့ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

အခု ဧပြီလကစပြီး ကရင်နီပြည်နယ်အတွင်း ထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်သားတွေကို ကရင်နီပူးပေါင်းတပ်တွေက တိုက်ခိုက်တာတွေ၊ တပ်စခန်းတွေကို သွားရောက်ခိုက်တာတွေ လုပ်ဆောင်နေပြီး မနေ့ ဧပြီ ၁၁ ရက်မှာ ဒီးမော့ဆိုမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် ကရင်နီပူးပေါင်းတပ်သား ၆ ဦးကျဆုံးကာ ၁၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီဘက်ကတော့ အယောက် ၂၀ ထက်မနည်း သေဆုံးပြီး အများပြား ဒဏ်ရာရရှိတယ်လို့ ကရင်နီပူးပေါင်းတပ်တွေထံက သိရပါတယ်။ ဒီကနေ့မှာလည်း ဒီးမော့ဆိုမြို့နယ်အတွင်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်ပါတယ်။

2 mins Ago

May 20, 2020

နှစ် ၁၂၀ သက်တမ်းရှိ ပင်လောင်းမြို့က စော်ဘွားဟော်နန်းဟောင်း ပြိုကျပျက်စီး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့မှာ မေလ ၁၉ ရက်နေ့လည်တစ်နာရီလောက်က မိုးသည်း ထန်းစွာရွာသွန်းတာကြောင့် နှစ်ပေါင်း ၁၂၀ သက်တမ်းရှိ စော်ဘွားဟော်နန်းဟောင်း ပြိုကျပျက်စီးသွားခဲ့ပါတယ်။ ရှေးဟောင်း အမွေအနှစ်တစ်ခု ဖြစ်လို့ ဧည့်သည်တွေ လာရောက်ကြည့်ရှုလေ့လာကြ ပေမယ့်ပြုပြင်မွမ်းမံထိန်းသိမ်းမှု အားနည်းခဲ့ တာကြောင့် ခုလိုဖြစ်ရတာလို့ ဒေသခံတစ်ဦးကပြောပါတယ်။ ပင်လောင်းစော်ဘွားတွေထဲမှာ နောက်ဆုံးဖြစ်တဲ့ စော်ဘွားကြီး စဝ်မိုးကျော် ထီးနန်းစိုက်ခဲ့တဲ့ ပင်လောင်းဟော်နန်းဟာ ရှမ်းစော်ဘွားများနယ်မြေ ၃၄ ခုထဲမှာပါဝင်ပြီဂ  ရှမ်းပဒေသရာဇ်တို့ရဲ့ အမွေအ နှစ်တစ်ခုလည်းဖြစ်ပါတယ်။  အောင်ဇေယျ
2 years Ago
Up