close

ပစိဖိတ်သမုဒ္ဒရာ

close

April 19, 2023

ရုရှားက ပစိဖိတ်သမုဒ္ဒရာအတွင်း နျူးကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော ချထား

ရုရှားသမ္မတဗလာဒီမာပူတင်ရဲ့ အမိန့်အတိုင်း ပစိဖိတ်သမုဒ္ဒရာအတွင်း ရုရှားရဲ့ မဟာဗျူဟာနဲ့ ဘက်စုံသုံး နျူးကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောကို ဖြန့်ကျက် တာဝန်ချထားတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၁၈ ရက်မှာ ပြောလိုက်ပါတယ်။

ရေတပ်မိုင်းရှင်းလင်းရေးသမားတွေဟာ အမေရိကန်နဲ့ ဂျပန် ပင်လယ်နယ်နိမိတ်နားက ရုရှားအရှေ့ဖျားပိုင်း ကမ်ချတ်ကာကျွန်းဆွယ်မှာရှိတဲ့ ရုရှားအခြေစိုက်စခန်းက ရေငုပ်သင်္ဘောတွေ ဘေးကင်းကင်းထွက်ခွာနိုင်တာ သေချာအောင် လုပ်ခဲ့ကြပါတယ်။

ရေငုပ်သင်္ဘောတွေဟာ စပိဘုတ်စီးနင်းထားတဲ့ ရေတပ်ရဲ့ အထူးတပ်ဖွဲ့ဝင်တွေ ခြံရံရင်း မီးခိုးငွေ့ ထောက်လှမ်းရေးစစ်ဆေးမှုအောက်ကနေ အခြေစိုက်စခန်းတွေကို ကျောခိုင်း ထွက်ခွာသွားခဲ့တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။

ရုရှားရဲ့ ပစိဖိတ်ရေတပ် လက်အောက်ခံ Tu-142 ရေငုပ်သင်္ဘောဖျက်ဆီးရေး လေယာဉ်ဟာ ရန်သူ့ရေငုပ်သင်္ဘောတွေကိုရှာဖို့ ရည်ရွယ်ပြီး အမျိုးအစားခွဲတဲ့အလုပ်တွေ လုပ်ခဲ့တယ်လို့လည်း ဝန်ကြီးဌာနက တနင်္လာနေ့မှာ ပြောပါတယ်။

လေယာဉ်ဟာ အမြင့်ဆုံးကြာချိန်အထိ လေထဲမှာ ပျံသန်းနေခဲ့တယ်လို့လည်း ဝန်ကြီးဌာနက ပြောပါတယ်။

1 min Ago

October 19, 2022

ရုရှား ဗုံးကြဲလေယာဉ် ၂ စင်း ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ကျော် ပျံသန်း

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သူ့ရဲ့ Tu-95MS မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်နှစ်စင်းဟာ ပစိဖိတ်သမုဒ္ဒရာ၊ ဘယ်ရင်ပင်လယ်နဲ့ အာ့ဟို့စ်ခ်ပင်လယ်တို့ကို ၁၂ နာရီကျော်ကြာ ဖြတ်ကျော် ပျံသန်းခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၈ ရက်မှာ ပြောပါတယ်။

ရုရှားဟာ သူ့ရဲ့ နျူကလီးယားတပ်ဖွဲ့တွေကို မကြာမီ စမ်းသပ်တော့မယ်လို့ မျှော်လင့်ကြောင်း မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (နေတိုး) နဲ့ အမေရိကန်တို့က ပြောပြီးတဲ့နောက် ရုရှားနဲ့ ယူကရိန်းစစ်ပွဲမှာ တင်းမာမှုတွေ မြင့်တက်နေတဲ့ အခိုက်အတန့်မှာ နျူကလီးယားသုံး လေယာဉ်တွေကို စေလွှတ်ပျံသန်းခဲ့တာပါ။

ဒီလေယာဉ်ကို MiG-31 တိုက်လေယာဉ်တွေက ခြံရံပျံသန်းခဲ့ပြီး ဝေဟင်မှာ လောင်စာဆီ ဖြည့်သွင်းခဲ့တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။

နိုင်ငံတကာလေပိုင်နက် စည်းမျဉ်းတွေနဲ့အညီ ပျံသန်းတဲ့ စစ်ဆင်ရေးကို ကြားနေ ရေပြင်ပေါ်မှာ ပျံသန်းဖို့ စီစဉ်ထားတယ်လို့ ဝန်ကြီးဌာနက ဖော်ပြခဲ့ပါတယ်။

ဝန်ကြီးဌာနက လမ်းကြောင်းကို မသတ်မှတ်ထားပေမဲ့ အာ့ဟို့စ်ခ်ပင်လယ်နဲ့ ဘယ်ရင်ပင်လယ်ကို ဖြတ်ပြီး ပျံသန်းမယ့်လမ်းကြောင်းဟာ ဂျပန်နဲ့ အမေရိကန်နိုင်ငံတွေ အနားကို ဖြတ်ကျော်ပျံသန်းမှာပါ။

နေတိုးဟာ ခုသီတင်းပတ်အတွင်း နျူကလီးယားပြင်ဆင်ရေး လေ့ကျင့်နေပြီး ရုရှားကတော့ သူ့ကိုယ်ပိုင် နျူကလီးယားလေ့ကျင့်မှုကို မကြာမီ ဆောင်ရွက်ဖို့ မျှော်လင့်ထားတယ်လို့ ပြောခဲ့ပါတယ်။

ရုရှားအစိုးက  နျူကလီးယားလေ့ကျင့်မှုနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် မရှိဘူးလို့ အင်္ဂါနေ့အစောပိုင်းမှာ ပြောခဲ့ပါတယ်။ ရုရှားစစ်ရေးလေ့ကျင့်မှုမှာ ပဲ့ထိန်းဒုံးကျည်တွေ စမ်းသပ်ပစ်လွှတ်တာ ပါလာမယ်လို့ မျှော်လင့်တဲ့အကြောင်း အမေရိကန် တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။

6 months Ago
Up